၁။ | အကြိမ် | - | ဒုတိယအကြိမ် |
၂။ | အမည် | - | ဦးထိန်ဝင်း |
၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၁၄/ဟသတ(နိုင်) ၀၅၃၉၅၆ |
၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၃-၁၀-၁၉၅၉ / (၅၉) နှစ် |
၇။ | မွေးဖွားရာဇာတိ | - | ဘုရားကြီးရပ်ကွက်၊ ဟင်္သာတမြို့ |
၈။ | ပညာအရည်အချင်း | - | ဥပဒေဘွဲ့ ( LLB) |
၉။ | လက်ရှိအလုပ်အကိုင် | - | တရားလွှတ်တော်ရှေ့နေ |
၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးငွေရ၊ ၁၄/ဟသတ(နိုင်) ၀၅၃၈၉၃၊ မှီခို |
၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်မြရှင်(ကွယ်လွန်) |
၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်အေးအေးမြင့်၊ ၁၄/ဟသတ(နိုင်) ၀၅၃၈၉၅၊ မှီခို |
၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ( ၁ ) မောင်ချစ်ကိုကို၊ ၁၄/ဟသတ(နိုင်) ၂၃၇၆၇၄၊ မှီခို ( ၂ ) မောင်ညီညီမင်း၊ ၁၄/ဟသတ(နိုင်)၂၆၈၃၄၇၊ ကုမ္ပဏီအရောင်းဝန်ထမ်း |
၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၁၈၀)၊ (၂)လမ်း၊ ဘုရားကြီးရပ်ကွက်၊ ဟင်္သာတမြို့ |
၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၄) |
အ.မ.က (၁) (ဘုရားကြီးကျောင်း)၊ အ.လ.က (၁) ဟင်္သာတ၊ အ.ထ.က (၃) ဟင်္သာတ၊ ရန်ကုန်အဝေးသင် တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပါသည်။
ရဲတပ်သား(၁၉၇၉- ၁၉၈၅) ဟင်္သာတ၊ ဒုရဲအုပ်(၁၉၈၆- ၁၉၈၈) ဓနုဖြူရဲစခန်း၊ အောင်ဘာလေထီရောင်း(၁၉၈၉- ၂၀၀၀)၊ ကမ္ဘောဇဘဏ် လုံခြုံရေးဝန်ထမ်း(၂၀၀၀- ၂၀၀၆) ၊အထက်တန်းရှေ့နေ (၂၀၀၆- ၂၀၁၃)၊ တရားလွှတ်တော်ရှေ့နေ (၂၀၁၃ မှ ယနေ့အထိ) ဟင်္သာတမြို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသစ်တဖန်ပြန်လည် ဖွဲ့စည်းခြင်းမပြုမီ ၂၀၀၆ခုနှစ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့နေကွန်ရက်အဖြစ် ပါဝင်ခဲ့ပြီး ၂၀၀၇ခုနှစ်ဟင်္သာတရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးစောဝင်း(နိုင်ငံရေးအကျဉ်းသားဟောင်း)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်၊ ဟင်္သာတ အမေ့မေတ္တာပညာရေးဒါန ကျောင်းတည်ထောင်သူ)။ ဖမ်းဆီးတရားစွဲဆိုခံရစဉ်ရှေ့နေ အကျိုးဆောင် အဖြစ် အခမဲ့ကူညီလိုက်ပါ ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ အဖွဲ့ချုပ်အား အသစ်တစ်ဖန်ပြန်လည်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည့် ဟင်္သာတမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရပြီးမြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးခြင်းခံရသည်။၂၀၀၆-၂၀၀၇မှစ၍ ဟင်္သာတခရိုင် နှင့် မြို့နယ်တွင်း ဖြစ်ပွားခဲ့သည့် တရားမဲ့ပြုကျင့်ခံရသည့် မှုခင်းများ၊ မြေယာမှုခင်းများအတွက် အခမဲ့လိုက်ပါ ဆောင်ရွက်ပေးခြင်း၊ ဥပဒေ အကြံဉာဏ် ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်၊ ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက်၊ ရေကြည်ကျောင်းလမ်းရှိ အမေ့မေတ္တာအခမဲ့ ပညာဒါနကျောင်း တည်ထောင်ဖွင့်လှစ်နိုင်ရေးပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ယနေ့တိုင်ကျောင်း ကော်မတီ(စာရင်းစစ်) တာဝန်ထမ်း ဆောင်လျက်ရှိပါသည်။ လွတ်လပ် ငြိမ်းချမ်းပန်းရဲ့ လမ်းရန်ပုံငွေများရရှိရေး အတွက်အလှူငွေများကောက်ခံ ပေးခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပုဒ်မ၄၃၆၊ ပုဒ်မ၅၉ (စ)တို့အား ပယ်ဖျက်ပေးရေးတို့အတွက်လည်းကောင်း၊ လူ့အခွင့်အရေး ပြည့်ဝစွာရရှိရေးအတွက် လည်းကောင်း၊ လမ်းလျှောက်ဆန္ဒဖော်ထုတ်ရာ တွင် ဦးဆောင်ပါဝင်ခဲ့သည်။ ဟင်္သာတနှင့်ဇလွန်တို့တွင် လူထုလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ခဲ့ပြီးကိုယ်တိုင်ပါဝင် စည်းရုံးဟောပြောခြင်း၊ ကျေးရွာများသို့လိုက်ပါ စည်းရုံးဟောပြောခြင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရန် ဆန္ဒပြုလက်မှတ်များ ကောက်ခံစုဆောင်းခြင်းလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဟင်္သာတမြို့ အာဇာနည်ဗိမာန်ဝင်းအတွင်းထားရှိရန် အမြင့်၉ပေ၊ ၉လက်မရှိ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရေးအဖွဲ့တွင် ဦးစီးကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များသို့ ရန်ပုံငွေလိုက်လံ ကောက်ခံစုဆောင်းရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။
၂၈-၂-၂၀၁၅ ရက်နေ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ရာပြည့်အခမ်းအခမ်းအနားသို့ လာရောက်ဟောပြောသည့်ခရီးစဉ် အဆင်ပြေချောမွေ့စေရေးအတွက် အဖွဲ့၏ တာဝန်ပေးချက်အရ ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ဥက္ကဋ္ဌအဖြစ် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်မှစ၍ ရန်ကုန်မြို့ရွှေတိဂုံဘုရား မြောက်ဘက်စောင်းတန်းအနီးရှိ ဝေနေယျသုခရေချမ်းစင်အသင်းကြီး၏ ဟင်္သာတမြို့နယ် အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်လျက်ရှိပြီး ကုသိုလ်ဖြစ် ရေအလှူတော်ငွေများ ကောက်ခံစုဆောင်းပေးခြင်း၊ မေတ္တာလက်ဆောင် ပြက္ခဒိန်များဖြန့်ဝေခြင်းကိုနှစ်စဥ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဟင်္သာတမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ဦးဆောင်၍ ၂၀၀၃ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့သည့် မြို့နယ်သွေးလှူရှင် အသင်း၊ ကြီးကြပ်ရေးကော်မတီတွင်ပါဝင်ခဲ့ပြီး ကိုယ်တိုင်(၇၇)ကြိမ် လှူဒါန်းခဲ့သည့် သွေးလှူရှင်တစ်ဦးဖြစ်သည့်အပြင် စေတနာရှင်သွေးလှူရှင်များ အားစည်းရုံး၍ သွေးလှူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဟင်္သာတမြို့ နိုဗယ်ပရဟိတဓမ္မဗိမာန်ကျောင်းတိုက် အတွင်းရှိ နှလုံးလှ နာရေးကူညီမှုအသင်းကြီးတွင် အဖွဲ့ဝင်(ဥပဒေအကြံပေး)နှင့် ဘဏ္ဍာငွေရှာဖွေရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ဟင်္သာတမြို့နယ်ရှေ့နေ အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်(စာရင်းစစ်)အဖြစ် ဆောင်ရွက်လျက်ရှိပြီး ဘုရားကြီးရပ်ကွက် သန္တိသုခဝါပဆွမ်းလောင်းအသင်း၏ အကျိုးတော်ဆောင် (ပြန်ကြားရေးတာဝန်)အား ၂၀၁၄ခုနှစ်မှ စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ ဓနုဖြူမြို့နယ်တွင် ဒုရဲအုပ်(အမှုစစ်) တာဝန်ထမ်းဆောင်စဉ် ၁၉၈၈ လူထုအရေးတော်ပုံကြီးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပါသည်။
၁၉၈၈ လူထုအရေးတော်ပုံကြီးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သဖြင့် ၅- ၁၂- ၁၉၈၈တွင် ပြည်သူ့ရဲတပ်ဖွဲ့မှ အပြီးတိုင် ထုတ်ပယ်ခံခဲ့ရပါသည်။
မှတ်ချက်