၁။ | အကြိမ် | - | ဒုတိယအကြိမ် |
၂။ | အမည် | - | ဦးစောချစ်ဦး |
၃။ | အခြားအမည်ရှိလျှင် | - | |
၄။ | လူမျိုး/ဘာသာ | - | ကရင်/ဗုဒ္ဓဘာသာ |
၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၃/လဘန(နိုင်) ၀၀၀၆၁၁ |
၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၃-၀၈-၁၉၇၅ / (၄၃) နှစ် |
၇။ | မွေးဖွားရာဇာတိ | - | ဒိုင်းပြကျေးရွာ၊ လှိုင်းဘွဲ့မြို့ |
၈။ | ပညာအရည်အချင်း | - | B.A(Myanmar) |
၉။ | လက်ရှိအလုပ်အကိုင် | - | ပညာရေးဝန်ဆောင်မှု |
၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးစောချစ်လှ၊ ၃/လဘန(နိုင်) ၀၀၃၄၃၅၊ လယ်လုပ်ငန်း |
၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်သန်းမြင့်၊ ၃/လဘန(နိုင်) ၀၀၃၄၆၁၊ မှီခို |
၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်နန်းခင်မာသိန်း၊ ၃/လဘန(နိုင်) ၀၀၁၈၉၅ |
၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) မနန်းသင်းသုသုဟန်၊ ကျောင်းသူ (၂) မောင်စောဝင့်ထည်ကို၊ ကျောင်းသား (၃) မောင်စောခန့်ထည်ကို၊ ကျောင်းသား |
၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၄) ရပ်ကွက်၊ ကွမ်ဘီကျေးရွာ၊ လှိုင်းဘွဲ့မြို့နယ် |
၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၃) |
ဒိုင်းပြ အ.လ.က၊ အ.မ.က (၃) လှိုင်းဘွဲ့၊ အ.ထ.က (ခွဲ) လှိုင်းဘွဲ့၊ အ.ထ.က လှိုင်းဘွဲ့၊ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ အဝေးသင်တက္ကသိုလ် (ဘားအံ) တို့တွင် ပညာသင်ကြားခဲ့ပါသည်။
အ.မ.က ကို ဧည့်သည်ရွာတွင် မူလတန်းပြအဖြစ်လည်းကောင်း၊ လှိုင်းဘွဲ့မြို့နယ် Save the Children (2003-2008) တွင် စီမံကိန်းလက်ထောက်အဖြစ် လည်း ကောင်း လုပ်ကိုင်ခဲ့ပါသည်။
လှိုင်းဘွဲ့မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် အတွင်းရေးမှူး တာဝန်အဖြစ်လည်းကောင်း၊ လှိုင်းဘွဲ့မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းတွင်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
မှတ်ချက်