၁။ | အကြိမ် | - | ဒုတိယအကြိမ် |
၂။ | အမည် | - | ပါမောက္ခ ဒေါက်တာသန်းဝင်း |
၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၉/မရမ(နိုင်)၀၀၉၇၀၈ |
၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၂-၀၄-၁၉၅၃ / (၆၅) နှစ် |
၇။ | မွေးဖွားရာဇာတိ | - | မန္တလေးတိုင်းဒေသကြီး |
၈။ | ပညာအရည်အချင်း | - | MBBS, MmedSc (OG), MRCOG, DrMedSC (OG), DipMedEd, FRCOG. |
၉။ | လက်ရှိအလုပ်အကိုင် | - | ပါမောက္ခချုပ်(ငြိမ်း) ဆေးတက္ကသိုလ် မန္တလေး။ ဆေးရုံအုပ်ကြီး၊ နန်းတော်ဆေးရုံ၊ မန္တလေး။ |
၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးသန်းထွန်း(ကွယ်လွန်) ပါမောက္ခချုပ် (ငြိမ်း) စိုက်ပျိုးရေးတက္ကသိုလ်၊ ရေဆင်း။ |
၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်မြစိန်(ကွယ်လွန်)၊ မှီခို။ |
၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါက်တာနီနီတင်(ကွယ်လွန်)၉/မရမ(နိုင်) ၀၀၉၇၀၉ ၊ ဘွဲ့လွန်ကထိက(ငြိမ်း) ဇီဝကမ္မဗေဒ၊ ဆေးတက္ကသိုလ်၊ မန္တလေး။ |
၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) ဒေါက်တာတင်ဇာဝင်း၊၉/မရမ(နိုင်) ၀၈၂၇၀၃၊ လ/ထကထိက၊ သားဖွားမီးယပ်၊ ဆေးတက္ကသိုလ်၊ မကွေး။ (၂) မဆုဝင်းနီ၊ ၉/အမဇ(နိုင်)၀၀၆၃၂၅၊ မေပြုံးမွန်အထည်ဆိုင်၊ ရတနာပုံစျေး၊ မန္တလေး။ (၃) မမေမြတ်အောင်၊ ၉/အမဇ(နိုင်) ၀၀၆၃၁၉၊ ရွှေပါရမီသင်္ကန်းဆိုင်၊ မန္တလေး။ (၄) မအောင်စုနိုင်၊၉/အမဇ(နိုင်) ၀၂၁၅၂၄၊ ရွှေပါရမီသင်္ကန်းဆိုင်၊ မန္တလေး။ |
၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | အမှတ်(၅၁) ၇၅လမ်း၊ ၂၈-၂၉ စိတ္တရမဟီရပ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။ |
၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁) |
St.Peter’s High School/ အထက(၉)မန္တလေး၊ အထက်တန်းအထိ (၁၉၅၈-၁၉၆၉) ဆေးတက္ကသိုလ် (မန္တလေး)၊ (၁၉၆၉-၁၉၇၆)၊ MBBS ဆေးပညာဘွဲ့၊ ဆေးတက္ကသိုလ်(မန္တလေး) (၁၉၈၄-၁၉၈၅) MmedSc(OG) ဆေးပညာမဟာသိပ္ပံ (သားဖွားမီးယပ်)၊ Royal College of Obstertricians and Gynaecologists,UK(၁၉၉၂-၁၉၉၃)၊ MRCOG တော်ဝင်သားဖွားမီးယပ်ဆရာဝန်အဖွဲ့ဝင်၊ ဆေးတက္ကသိုလ်(မန္တလေး) (၂၀၀၃) DrMedSc (OG) ဆေးလက်တွေ့ ပါရဂူ (သားဖွားမီးယပ်)၊ ဆေးတက္ကသိုလ်(မန္တလေး) (၂၀၀၄) DipMedEd ဆေးပညာသင်ကြားရေးဒီပလိုမာ၊ Royal College of Obstertricians and Gynaecologists,UK(၂၀၀၆) FRCOG အကြီးတန်းတော်ဝင်သားဖွားမီးယပ် ဆရာဝန်အဖွဲ့ဝင်၊ သရုပ်ပြဆရာဝန်၊ ခန္ဓာဗေဒ၊ ဆေးတက္ကသိုလ်(မန္တလေး) (၁၉၈၁-၁၉၈၄)၊ သရုပ်ပြဆရာဝန်၊ သားဖွားမီးယပ်၊ ဆေးတက္ကသိုလ်(မန္တလေး) (၁၉၈၄-၁၉၉၈)၊ (Senior House Officer (OG)University College Hospital,London,UK) (၁၉၉၂) ပညာတော်သင်၊ (Senior House Officer (OG) West Suffolk Hospital, Bury-St-Edmunds,UK) (၁၉၉၃) ပညာတော်သင်၊ (Registrar(OG) West Suffolk Hospital ,Bury-St-Edmunds UK (၁၉၉၄)ပညာတော်သင်၊ အထူးကုဆရာဝန်၊ (သားဖွားမီးယပ်) မုံရွာဆေးရုံကြီးတွင် ပညာသင်ကြားခဲ့ပါသည်။
မုံရွာ(၁၉၉၈-၂၀၀၀)၊ အထူးကုဆရာဝန်(သားဖွားမီးယပ်) သင်ကြားရေးဆေးရုံမန္တလေး(၂၀၀၀-၂၀၀၁)၊ ကထိက(သားဖွားမီးယပ်) ဆေးတက္ကသိုလ် (မန္တလေး) (၂၀၀၁-၂၀၀၃)၊ တွဲဘက်ပါမောက္ခ (သားဖွားမီးယပ်) ဆေးတက္ကသိုလ်(မန္တလေး) (၂၀၀၃-၂၀၀၇)၊ ပါမောက္ခ၊ သားဖွားမီးယပ်၊ ဆေးတက္ကသိုလ် (မန္တလေး) ၂၀၀၇-၂၀၀၇ ဒု-ပါမောက္ခချုပ်၊ သားဖွားမီးယပ်ဆေးတက္ကသိုလ်(မန္တလေး)(၂၀၀၇)၊ ဆေးတက္ကသိုလ် (မန္တလေး) (၂၀၀၇-၂၀၀၈)၊ ပါမောက္ခချုပ်၊ဆေးတက္ကသိုလ်(မန္တလေး)(၂၀၀၈-၂၀၁၁)၊ သက်ပြည့်အငြိမ်းစား၊ ဆေးရုံအုပ်ကြီး၊ နန်းတော်ဆေးရုံ(မန္တလေး)တွင် ၁-၅-၂၀၁၃ရက်နေ့မှ ယနေ့အထိ လုပ်ကိုင်ခဲ့ပါသည်။
စားသုံးသူသမဝါယမအသင်း၊ စိတ္တရမဟီရပ်၊ မန္တလေးတွင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မန္တလေးတွင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း -ဗဟိုတွင် ဗဟိုဦးစီးအဖွဲ့ဝင်၊ လူရည်ချွန်(၁၉၆၄ – ၈၈)အဖွဲ့တွင် ဒု-ဥက္ကဋ္ဌ၊ လူရည်ချွန်(၁၉၆၄ – ၈၈)အဖွဲ့၊ အထက်မြန်မာပြည်တွင် ဥက္ကဋ္ဌ၊ စိန်ပီတာ/ အ.ထ.က(၉)မန္တလေး၊ အာစိရိယပူဇော်ပွဲကော်မတီတွင် ဥက္ကဋ္ဌ၊ ထားဝယ်လူမှုရေးအသင်း၊ မန္တလေးတွင်နာယက၊ ဆေးတက္ကသိုလ်မန္တလေး၊ ကျောင်းသား ဟောင်းများအသင်းတွင် နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ် (၁၉၉၄)၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်(၁၉၉၅)၊ ပြည်သူ့ဝန်ထမ်းတံဆိပ်(၁၉၉၇) တို့ကိုချီးမြှင့်ခံခဲ့ရပြီး ၂၀၀၄ ခုနှစ်တွင် ဆေးတက္ကသိုလ် မန္တလေးမှ Emeritus Professor ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
မှတ်ချက်