၁။ | အကြိမ် | - | ဒုတိယအကြိမ် |
၂။ | အမည် | - | ဒေါ်နော်မြစေး |
၃။ | အခြားအမည်ရှိလျှင် | - | မရှိပါ |
၄။ | လူမျိုး/ဘာသာ | - | ကရင်/ခရစ်ယာန် |
၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၂/လကန(နိုင်) ၀၀၆၇၃၆ |
၆။ | မွေးသက္ကရာဇ် / အသက် | - | ၁၅-၀၃-၁၉၄၆ / (၇၂) နှစ် |
၇။ | မွေးဖွားရာဇာတိ | - | မော်ချီးမြို့ |
၈။ | ပညာအရည်အချင်း | - | B.Sc, Dip-Ed |
၉။ | လက်ရှိအလုပ်အကိုင် | - | ပြည်နယ်ပညာရေးမှူး(အငြိမ်းစား) |
၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးစောအဲလ်ဘတ်၊ (ကွယ်လွန်) |
၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်နော်မရွေ၊(ကွယ်လွန်) |
၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | မရှိ |
၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | မရှိ |
၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | လိုခါးလိုရွာ၊ မော်ချီးမိုင်းဘုရားကျောင်းအနီး၊ ဖားဆောင်းမြို့နယ်၊ ကယားပြည်နယ် |
၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁၁) |
မော်ချီး၊ R.C.M ကျောင်း၊ မော်ချီးအလယ်တန်းကျောင်း၊ တောင်ငူ၊ ပဲခူး၊ ကရင်အထက်တန်းကျောင်း၊ တောင်ကြီးကောလိပ်၊ ရန်ကုန်ဝိဇ္ဇာ/ သိပ္ပံ တက္ကသိုလ်ပညာရေးကောလိပ်တို့တွင် ပညာသင်ကြားခဲ့ပါသည်။
ပညာရေးဌာနတွင် အလယ်တန်းပြအဖြစ် အ.လ.က (မော်ချီး)တွင်လည်းကောင်း၊ အ.ထ.က (မော်ချီး) အ.ထ.က (ဖားဆောင်း)၊ အ.ထ.က(လွိုင်ကော်)တို့တွင် အထက်တန်းပြအဖြစ်လည်းကောင်း၊ အ.လ.က(လောပိတ)၊ အ.လ.က (၆)လွိုင်ကော်တို့တွင် အလယ်တန်းကျောင်းအုပ်အဖြစ်လည်းကောင်း၊ အ.ထ.က(ဖရူဆို)၊ အ.ထ.က (၁) လွိုင်ကော်တို့တွင် အထက်တန်းကျောင်းအုပ်အဖြစ်လည်းကောင်း၊ နမ့်စန်တောင် ရှမ်းပြည်နယ်တွင် မြို့နယ်ပညာရေးမှူး အဖြစ်လည်းကောင်း၊ ကရင်ပြည်နယ်တွင် ပြည်နယ်ပညာရေးမှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်၊ တ.သ.ည ပါတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်နယ်ကော်မတီအဖွဲ့ဝင်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်မှချီးမြှင့်သော ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်၊ နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်တို့ ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
မှတ်ချက်