၁။ | အကြိမ် | - | ဒုတိယအကြိမ် |
၂။ | အမည် | - | ဒေါက်တာကျော်ငွေ |
၃။ | အခြားအမည်ရှိလျှင် | - | ငွေရီဆန်း(ရေစကြို) |
၄။ | လူမျိုး/ဘာသာ | - | ဗမာ/ဗုဒ္ဓဘာသာ |
၅။ | နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် | - | ၈/ရစက(နိုင်)၀၀၆၅၅၉ |
၆။ | မွေးသက္ကရာဇ် / အသက် | - | ၀၆-၀၆-၁၉၅၆ / (၆၂) နှစ် |
၇။ | မွေးဖွားရာဇာတိ | - | စိုင်သေရွာ၊ ရေစကြိုမြို့နယ် |
၈။ | ပညာအရည်အချင်း | - | M.B.B.S |
၉။ | လက်ရှိအလုပ်အကိုင် | - | ကိုယ်ပိုင်ဆေးဝါးထုတ်လုပ်ငန်း |
၁၀။ | အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဦးဘဆန်း၊ YSO 075871၊ သနပ်ခါးခြံစိုက်ပျိုးရေး |
၁၁။ | အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ရြီမ(ကွယ်လွန်)၊ YSO 075972၊ |
၁၂။ | ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | ဒေါ်ကြည်ဝင်း၊ ၈/ရစက(နိုင်)၀၀၆၅၆၀၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်း |
၁၃။ | သား / သမီးအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် | - | (၁) မဟေမန်ဝင်း၊၈/ရစက(နိုင်)၁၄၂၉၁၄၊ အိမ်တွင်းတိုင်းရင်းဆေးလုပ်ငန်း (၂) မပွင့်လွှာ၊ ၈/ရစက(နိုင်)၁၃၇၁၃၃၊ တိုင်းရင်းဆေးလုပ်ငန်း၊ မန်နေဂျာ (၃) မောင်ငြိမ်းချမ်း၊၈/ရစက(နိုင်) ၁၄၆၈၂၅၊လက်ထောက်ဆရာဝန်၊ မန္တလေးဆေးရုံကြီး၊ဓာတ်ရောင်ြခည်ဌာန (၄) မောင်ပြည့်ဝငေွ၊ ၈/ရစက(နိုင်) ၁၅၈၅၀၁၊ရေကြောင်းအင်ဂျင်နီယာဘွဲ့၊ ကမ်းလွန် ရတနာဓာတ်ငေွ့လုပ်ငန်း |
၁၄။ | အမြဲတမ်း နေရပ်လိပ်စာ | - | မေတ္တာမွန်တိုင်းရင်းဆေးထုတ်လုပ်ငန်း၊ စိတ္တသုခရပ်၊ ရေစကြိုမြို့၊ မကွေးတိုင်း ဒေသကြီး |
၁၅။ | ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ | - | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
၁၆။ | ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် | - | မဲဆန္ဒနယ်အမှတ်(၁၀) |
မူလတန်းကို ကုက္ကိုစု အ.မ.က ရေစကြိုမြို့နယ်၊ အလယ်တန်းနှင့် အထက်တန်းကို ရေစကြိုမြို့တန်းမြင့်ကျောင်းတွင် အောင်ခဲ့ပြီး ဆေးပညာကို မန္တလေးဆေးတက္ကသိုလ်တွင် ၁၉၈၂ ခုနှစ်က ဆေးပညာဘွဲ့ ရရှိခဲ့သည်။
၁၉၈၃ မှ ၁၉၈၆ ထိရေစကြိုမြို့နယ်၊ ကမ်းဖြူရွာသမဆေးခန်း၊ ၁၉၈၇ မှ ၂၀၁၀ထိ ကိုယ်ပိုင်ဆေးခန်း၊ ၁၉၉၈ မှ ယနေ့ထိ မျက်ကြည်လူဝ တိုင်းရင်းဆေးထုတ်လုပ်ငန်း၊ ၂၀၀၃ မှ ယနေ့ထိ သနပ်ခါးခြံစိုက်ပျိုးရေး တွဲဖက်လုပ်ကိုင်လျက်ရှိသည်။
ဆေးတက္ကသိုလ်(မန်း)တွင် ၁၉၇၆-၁၉၇၇ ထိ လမ်းစဥ်လူငယ်အဖွဲ့ဝင် အဖြစ်လှုပ်ရှားခဲ့ပါသည်။ ၁၉၉၀ ခုနှစ်တွင် NLD ပါတီသို့ ဝက်ရောက်ခဲ့ ပါသည်။ ၁၉၉၇ တွင် တိုင်းစည်းအရံကော်မတီဝင် အဖြစ် လုပ်ကုိင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် မြို့နယ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပါတီဗဟို ကော်မတီဝင်အဖြစ် ရွေးချယ်တာဝန် ပေးအပ်ခြင်းခံခဲ့ရပါသည်။
၁၉၉၅ မှ ယနေ့ထိ မြို့ဦးမဟာစည် ရိပ်သာတွင်ဂေါပက တာဝန်ဖြင့် ရိပ်သာတိုးတက်ရေးလုပ်ငန်းတို့ကို လုပ်ကိုင်ပေးလျက်ရှိပါသည်။ စာတော်ပြီး ပညာရေးတွင် အခက်အခဲဖြစ်နေကြသော ကျောင်းသား ကလေးများကို ကူညီထောက်ပံ့မှုများ ကိုယ်တိုင်ပေးခဲ့သလို ဂျာနယ်အချို့တွင် ငွေရီဆန်း-(ရေစကြို)ကလောင်ဖြင့် ဆောင်းပါးများရေးပြီး ကူညီမည့်သူများကို ရှာပေးခဲ့ဘူး ပါသည်။ ၂၀၀၅ ခုနှစ်မှစပြီး ကုက္ကိုစုရွာ အ.ထ.က တွင် ဦးစံလင်းပညာရေး ဖောင်ဒေးရှင်းကို မိမိငွေဖြင့် မတည်စတင်ပေးခဲ့ပြီး ယနေ့တိုင် ဆက်လက်ဦးဆောင်လှုပ်ရှားပေးလျက် ကျောင်းသားကလေးများ၏ပညာရေးကို ကူညီအားပေးလျက်ရှိသည်။
မှတ်ချက်