Share this

၁၈ ရက်မြောက်နေ့ အစီအစဉ် (၂၀ - ၆ - ၂၀၁၈)

Wednesday, June 20, 2018 - 09:14
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး

၁၈ ရက်မြောက်နေ့ အစီအစဉ်

[၂၀ - ၆ - ၂၀၁၈]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀း၀၀ နာရီ

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော်  ၁၈ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)   ဦးစိုင်းဝမ်းလှိုင်းခမ်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ခေခမ်းကျေးရွာတွင် နေထိုင်သော ဒေသခံတောင်သူ(၄၆)ဦး၏ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုး လုပ်ကိုင်ခဲ့သည့် ယာမြေများအားလုံး ဆုံးရှုံးသွားရပြီး ဒေသခံရွာသူရွာသား များ၏ဘဝ အတိဒုက္ခရောက်ရှိနေကာ ပြန်လည်စိုက်ပျိုးလုပ်ကိုင်ရန်အတွက် မြေယာများ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊  

( ခ )  ဒေါ်ထုမေ၊  ရခိုင်ပြည်နယ်  မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သိမ်းဆည်းခံ လယ်ယာမြေများအတွက် ထိုက်သင့်သော လျော်ကြေးရရှိရေး၊ မြေလပ်၊ မြေလွတ်များအား စိစစ်ပြီး ပြည်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်ရေးနှင့် အမ်းမြို့နယ်အတွင်း လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းထားမှုတို့ကို ပြည်သူများအား ရှင်းလင်းစွာ ဖြေရှင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )  ဒေါက်တာကျော်ငွေ၊     မကွေးတိုင်းဒေသကြီး     မဲဆန္ဒနယ်အမှတ်(၁၀)၏ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် ပါဝင်သော ဧရာဝတီ မြစ်ကမ်းဘေးမှ မြေတော်၊ နေရင်း၊ ဆင်တဲနှင့် နွယ်နီအုပ်စုရှိ ကျေးရွာများ ဧရာဝတီမြစ်ရေ တိုက်စားခံနေရသဖြင့် ကိုယ်ထူကိုယ်ထ ရေကာတာများ တည်ဆောက်နေကြရာ နိုင်ငံတော်မှ ငွေအားနှင့် နည်းပညာပံ့ပိုးမှုတို့ အမြန်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ)   နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ဘတ်ဂျက် တောင်းခံမှုကို မည်သို့စီမံထိန်းကျောင်းထားကြောင်းနှင့် ယင်းအသက်မွေး ဝမ်းကျောင်း တက္ကသိုလ်များ၏ နိုင်ငံတကာအဆင့်မီရေး၊ နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရေးတို့အတွက် တာဝန်ရှိသည့် အဖွဲ့အစည်းများမှ မည်သို့စီမံ ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င )  ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း ရန်ကုန်-မန္တလေး မြို့ကြီးများအပါအဝင် မြို့ကြီး(၆)မြို့တွင် ဖွင့်လှစ်ထားသည့် အားကစားနှင့်ကာယသိပ္ပံကျောင်း များတွင် အားကစားနှင့် ပတ်သက်သည့် ပညာရပ်များကို (၃)နှစ်တာ စာတွေ့လက်တွေ့ သင်ကြားခဲ့ပြီးသည့် အားကစားနှင့် ကာယသိပ္ပံ ကျောင်းဆင်းများကို တစ်နိုင်ငံလုံးရှိ အခြေခံပညာ အလယ်တန်းကျောင်း များနှင့် အထက်တန်းကျောင်းများတွင် လိုအပ်လျက်ရှိသည့် ကာယဆရာ များအဖြစ် ခန့်အပ် ပေးသွားရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ )  ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ (မန်း)သံပုရာကန် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကို ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။     အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။

၇။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြုပြီး ပေးပို့လာသော စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေများအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၈။     အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်း သည့် အစီရင်ခံစာကို အောက်ပါလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)   ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)

( ခ )  ဗိုလ်မှူးကျော်စိုးဦး၊ တပ်မတော်သားကိုယ်စားလှယ်

( ဂ ) ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

(ဃ)   ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)

၉။    အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

၁၀။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားခြင်း။

၁၁။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာခြင်း။