Share this

၁၈ ရက်မြောက်နေ့ အစီအစဉ် (၁၉- ၁၂ - ၂၀၁၉)

Thursday, December 19, 2019 - 08:20
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

၁၈ ရက်မြောက်နေ့ အစီအစဉ်

[ ၁၉ - ၁၂ - ၂၀၁၉ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၈ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ်၊ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရာတွင် လမ်းအရည်အသွေး ပြည့်မီခြင်းမရှိသည့်ကိစ္စအား မည်သူ့တွင် တာဝန်ရှိသည်ကို စိစစ်ပြီး အရေးယူပေးရန်နှင့် အရည်အသွေးပြည့်မီသည့်လမ်းဖြစ်စေရေး ပြန်လည် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ခ) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အဦအား စံကိုက်အဆောက်အဦအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဂ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ဓာတ်ရောင်ခြည်ဖြင့် ကုသနေရသော ကင်ဆာရောဂါရှင်များအတွက် အထူးကုဆရာဝန်များ၊ နည်းပညာရှင်များ လုံလောက်စွာ မွေးထုတ် ပေးနိုင်ရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး ဗဟိုအဆင့် ဆေးရုံကြီးများတွင် ဓာတ်ရောင်ခြည်သုံး ကုသမှုယူနစ်များ တိုးချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာနိုင်ငံ အတွင်း မြို့ပြများနှင့် အလှမ်းကွာဝေးပြီး သွားလာမှုခက်ခဲသည့် ကျေးရွာများရှိ ဒေသခံပြည်သူများအား တစ်နှစ်လျှင် (၂)ကြိမ်ခန့် Special Tour အစီအစဉ်ဖြင့် အထူးကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရန်အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က)ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)

(ခ)ဦးစိုးသိန်း(ခ) ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာခြင်း။