Share this

၁၅ ရက်မြောက်နေ့ အစီအစဉ် (၁၅ - ၆ - ၂၀၁၈)

Friday, June 15, 2018 - 09:11
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

၁၅ ရက်မြောက်နေ့ အစီအစဉ်

[၁၅ - ၆ - ၂၀၁၈]( သောကြာနေ့ ) နံနက် ၁၀၀၀ နာရီ

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော်  ၁၅ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)   ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်များအတွင်း တည်ရှိသော တကောင်းနီကယ်သတ္တုသိုက်အား ထုတ်လုပ်မှုအပေါ် အမြတ်ခွဲဝေခံစားသည့် စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပြုထား သော Myanmar CNMC Nickel Co.,Ltd သည် ဖယ်ရိုနီကယ် ထုတ်လုပ်ရာတွင် စာချုပ်ပါစည်းကမ်းချက်များအား လိုက်နာခြင်း ရှိ/မရှိ နှင့် အကျိုးအမြတ်အား မည်သို့ခွဲဝေသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်ရှိ မြို့နယ် (၉)မြို့နယ်တွင် တောရိုင်းတိရစ္ဆာန်များ တားဆီးကာကွယ် ထိန်းသိမ်းရန် ဘေးမဲ့တောများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )  ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ်  မဲဆန္ဒနယ်အမှတ်(၁၂)၏ နယ်စပ်ဒေသနှင့် နယ်စွန်နယ်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်း များ၏ အပြောင်းအရွှေ့ကိစ္စများနှင့် ရာထူးတိုးကိစ္စများကို ဦးစားပေး စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ)   ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ(၇)၊ မြေစာရင်းပုံစံ(၁၀၅)နှင့် မြေငှားဂရန်များ လျှောက်ထား ရာတွင်လည်းကောင်း၊ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားရာတွင် လည်းကောင်း၊ လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ကြာမြင့်ချိန်၊ အမှန်တကယ် ကုန်ကျသည့် ကုန်ကျစရိတ်နှင့် အခွန်နှုန်းထားများအား သိရှိလိုခြင်းနှင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန် မည်သို့စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င )  ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ လျှော်ဖြူပင် (Sterculia Versicolour Wall) စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးပညာ ဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုး မြေသစ်များ ဖော်ထုတ်ပေးခြင်း၊ လျှော်ဖြူပင်မှထွက်ရှိသော လျှော်ဖြူစေး တင်ပို့ရောင်းချခြင်းတို့အတွက် ဈေးကွက်ရှာဖွေမြှင့်တင်ခြင်းများ ပြုလုပ်ပေး ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ )    ဦးစိုင်းထွန်းအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ မြို့မကျေးရွာအုပ်စု အတွင်းရှိ ကန်ရေသောက်လယ်များမှ မှီခိုအားထားနေရသည့် တိမ်ကောစပြုနေသော နောင်ခမ်းကန်အား ပြန်လည်ပြုပြင် ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၇။      မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

          -        ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

၈။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၆ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့်  နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။