Share this

၁၄ ရက်မြောက်နေ့ အစီအစဉ် (၁၃ - ၆ - ၂၀၁၈)

Wednesday, June 13, 2018 - 09:10
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး

၁၄ ရက်မြောက်နေ့ အစီအစဉ်

[၁၃ - ၆ - ၂၀၁၈]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀၀၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော်  ၁၄ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)   ဒေါ်နွယ်နွယ်အောင်၊    မွန်ပြည်နယ်   မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာနိုင်ငံ အတွင်း လက်ကိုင်ဖုန်း၊ ဖေ့စ်ဘွတ်(FB)မှတစ်ဆင့် ကြော်ငြာစည်းရုံးပြီး ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများအကြား ထိုးဖောက်ဝင်ရောက် လာသည့် လောင်းကစားနည်းတစ်မျိုးဖြစ်သော ရှမ်းကိုးမီး ဖဲကစားနည်း (ခ) Shan Koe Mee Zingplay သည် ပြည်သူများထံမှ လောင်းကြေးငွေ များကို နည်းအမျိုးမျိုးဖြင့် ရယူနေပါသဖြင့် အဆိုပါလောင်းကစားနည်းကို တားမြစ်ပိတ်ပင်ရန်နှင့် လောင်းကစားဒိုင်များကို ထိရောက်စွာ ဖော်ထုတ် အရေးယူရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်  မေးခွန်း၊

( ခ )  ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း GDP လျာထားချက်အရ ၇.၂ % တိုးတက်ရန်ဖြစ်ပြီး ယင်းမျှော်လင့်ချက်များ ပိုမိုပေါက်မြောက် အောင်မြင် စေရန်အတွက် မြန်မာအမျိုးသမီးများကို နိုင်ငံတကာ ပင်လယ်ရေကြောင်း လောကတွင် အမျိုးသမီးသင်္ဘောသားများ (Seafarers) အဖြစ်လည်းကောင်း၊ ခရီးသည်တင် သင်္ဘောများတွင် ပိုမို၍ အလုပ်အကိုင် အခွင့်အလမ်း ရစေရန်အတွက်လည်းကောင်း၊ တရားဝင်လုပ်ကိုင်ခွင့် ရရှိရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လုပ်ငန်းဆိုင်ရာ လက်မှတ်များ ထုတ်ပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးခြင်းနှင့် နိုင်ငံတကာရှိ သင်္ဘောကုမ္ပဏီများနှင့် ချိတ်ဆက်ကာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး ပေးခြင်းများ အမြန်ဆုံးလုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း၊

( ဂ )  ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့တွင် မကြာခဏလိုင်းပျက်နေသော အော်တိုအိတ်ချိန်း ဖုန်းလိုင်းကို စက်ကိရိယာအသစ် လဲလှယ်၍ ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ)   ဦး‌ကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရကျောင်းများမှ မူလတန်းကျောင်းအုပ်များ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရေးကိစ္စ မည်သို့စီမံသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င )  ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာနိုင်ငံအဝှမ်းရှိ ချောင်း၊ မြောင်း၊ အင်းအိုင်၊ မြစ်ကမ်းနား၊ ပင်လယ် ကမ်းခြေ၊ မြစ်ဝကျွန်းပေါ် ရေလမ်းခရီး အသုံးပြုရာဒေသအတွင်းရှိ ကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမများ စသည့် ပညာရေးလုပ်သားတို့ အတွက် အသက်ကယ်အင်္ကျီများကို လိုအပ်မှုအဆင့် (က)၊ (ခ)၊ (ဂ) ဦးစားပေး ခွဲခြား၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာသင်နှစ်စတွင် ထုတ်ပေးပြီး နှစ်ဆုံးတွင် ပြန်လည်အပ်နှံခြင်း စသည်ဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

( စ )  ဦးစောသန်းထွဋ်၊   ကရင်ပြည်နယ်   မဲဆန္ဒနယ်အမှတ်(၂)၏ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ၌ လက်ရှိဖွဲ့စည်းပုံအင်အားဖြင့် မလုံလောက်ပါသဖြင့် ဖွဲ့စည်းပုံအင်အား ပြည့်သည်အထိ တိုးမြှင့်ခန့်ထား ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။    အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော သစ်တဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

၇။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော သစ်တောဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၈။      ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခြင်း။

၉။   အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၁၀။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၁။    စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေများနှင်‌့ စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

          -        ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)

၁၂။    အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၅ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့်  နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။