Share this

၁၃ ရက်မြောက်နေ့ အစီအစဉ် ( ၁၁ - ၆ - ၂၀၁၈)

Monday, June 11, 2018 - 09:18
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး

၁၃ ရက်မြောက်နေ့ အစီအစဉ်

[၁၁ - ၆ - ၂၀၁၈]( တနင်္လာနေ့ ) နံနက် ၁၀၀၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော်  ၁၃ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က)   ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ ဟိုပန်ခရိုင်၊ မိုင်းမောမြို့နယ် မိုင်းမော-ကလုံပါ-မွတ်လေး လမ်းပိုင်းမှ သဘာ ဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများကို မည်သည့် အစီ အစဉ်မျိုးဖြင့် ပြန်လည်ပြုပြင်ပေးပြီး မည်သည့်အချိန်ကာလတွင် အပြီးသတ် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အရေးပါမည့် ရန်လုံကျိုင်း- လောက်ကိုင်-မန်တုံပါး-တောက်ရွှေ-ကွမ်းလုံ လမ်းကြောင်းသစ် ဖောက်လုပ် ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ “ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်” ရှိ ဟောင်းနွမ်းဆွေးမြေ့ ယိုယွင်းလျက်ရှိသည့် တချို့သော အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအိမ်ရာ များနှင့် စာသင်ကျောင်းဆောင်၊ လက်တွေ့ကျောင်းဆောင်များကို ပြန်လည် ပြုပြင်မွမ်းမံတည်ဆောက်ရန် သို့မဟုတ် အသစ်ပြန်လည်တည်ဆောက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ)  ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက် ဝမြို့နယ်၊ ဇဉ်ဘောင်းပြင်အုပ်စု၊ ဖရုံချောင်းကျေးရွာတွင် သွားလာမှုလွယ်ကူ စေရန် အရှည် (၂၅၀)ပေရှိ ကြိုးတံတားတစ်စင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င )  ဦးဘော်ရယ်စိုးဝေ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ အသက် (၇၀) နှစ် ပြည့်ပြီးသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစား သက်ကြီးရွယ်အို ပင်စင်စား များကို နိုင်ငံတော်မှ တစ်လုံးတစ်ခဲပင်စင် အပြီးပြတ်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ )  ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာ နိုင်ငံ၏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသော မိုဘိုင်းဘဏ္ဍာရေးဆိုင် ရာ ငွေကြေးဝန်ဆောင်မှုစနစ်များကို သတင်းအချက်အလက် ပေါက်ကြား မှုနှင့် ဆိုက်ဘာတိုက်ခိုက်ခံရမှုများမရှိဘဲ ပြည်သူအများ စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ရန်အတွက် ခိုင်မာသော နည်းပညာလုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားထိန်းသိမ်း စီမံဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထား သော မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

 ၇။    အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့     ထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာ ခြင်းကို အသိပေး တင်ပြခြင်း။

၈။    အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။

၉။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု ပြီး ပေးပို့လာသော ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၀။  အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင် ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေး ကောင်စီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်း။

၁၁။  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၂။   အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၄ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့်  နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။