Share this

၁၂ ရက်မြောက်နေ့ အစီအစဉ် (၂၇ - ၈ - ၂၀၂၀)

Thursday, August 27, 2020 - 08:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

၁၂ ရက်မြောက်နေ့ အစီအစဉ်

 [ ၂၇ - ၈ - ၂၀၂၀ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၂ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ အစိုးရဌာန များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နေ့စား/လပေး ဝန်ထမ်းများအား လခစားအမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ဘူတာကျေးရွာအုပ်စုရှိ ပဲပြစ်တော- ချောင်းဦးနွယ်ခွေလမ်းရှိ ပေ(၂၀)ကျယ်ဝန်းသော ရေကျော်နေရာတွင် ချောင်းကူးကွန်ကရစ်ရေကျော် ပြုလုပ်ပေးရန်အတွက် ၂၀၂၀ -၂၀၂၁ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း၊

( ဂ ) ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အဆင့်မီ မြို့ပြရေပေးဝေရေးစနစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးကျော်သီဟ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ၂၀၁၉ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေ မထွက် ရှိသေးသည့်ကိစ္စနှင့်စပ်လျဉ်း၍ ရေးဆွဲဆောင်ရွက်နေမှုအခြေအနေနှင့် အချိန်မည်မျှကြာအောင် ဆက်လက်ရေးဆွဲမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်း သည့် မေးခွန်း၊

( င ) ဦးကြည်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ဧရာဝတီ တိုင်းဒေသကြီးအတွင်း လပွတ္တာမြို့နယ်နှင့် ငပုတောမြို့နယ်အတွင်း တိုက်နယ်(၉)နယ် (ဆားတိုက်နယ်)ရှိ ဆားတောင်သူ (၅၄၆)ဦးအား မြန်မာနိုင်ငံ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချေးငွေရရှိရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ် အတွင်း အခြေခံပညာအဆင့် (၄)တန်း၊ (၈)တန်းနှင့် အခြားအတန်းများ စာမေးပွဲစစ်ဆေးမှုတွင် လုံခြုံရေးအခြေအနေအရ စာမေးပွဲဖြေဆိုခွင့် မရရှိခဲ့ကြသည့် ကျောင်းသား / ကျောင်းသူများအတွက် လူငယ်များ၏ အနာဂတ်ပညာရေးကိုမျှော်ကိုးပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးစခင်ဇော်လင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)၏ ဧရာဝတီ တိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား သတ်မှတ်ထားသော ခရီးမိုင်အကွာအဝေးနှင့် စည်းမျဉ်းစည်းကမ်းတစ်ချို့ကိုဖြေလျှော့ပြီး ၂၀၂၀-၂၀၂၁ စာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်း ကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် (၁၀၀ x ၃၀)ပေ RC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဈ ) ဒေါ်ထုမေ၊  ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေ ကွန်ပျူတာတက္ကသိုလ်တွင် တက်ရောက်နေကြသော ကျောင်းသား/ ကျောင်းသူများ အဆင်ပြေစွာဖြင့် ပညာသင်ယူဆည်းပူးနိုင်ရန် လုံလောက် သောအဆောင် စီစဉ်ပေးနိုင်ရေးအတွက် လာမည့်နှစ်တွင် သင့်လျော်သော မြေနေရာအား သက်ဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပြီး အဆောင် တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

  ၆။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အောက်ပါလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

(က) ဦးမြင့်နိုင်၊  ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်( ၅ )

( ခ ) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်( ၅ )

  ၇။ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော် ၏ အတည်ပြုချက် ရယူခြင်း။

  ၈။ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

  ၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာခြင်း။