Share this

၁၁ ရက်မြောက်နေ့ အစီအစဉ် (၄ - ၆ - ၂၀၁၈)

Monday, June 4, 2018 - 09:52
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးအဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး 

၁၁ ရက်မြောက်နေ့ အစီအစဉ်

[ ၄ - ၆ - ၂၀၁၈ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော်  ၁၁ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် - ဖာကျွတ် - လွယ်လင်လျှံ - ပန်လုံ မြေသားလမ်းကို ကတ္တရာလမ်း အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ဆူရ်ခွား - ဒွမ်ဗား - ဖာဟော ရွာချင်းဆက် ကားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ပင်မလမ်းမကြီးများ၌ လိုအပ် သည့် လမ်းပိုင်းများတွင် လမ်းအဆင့်မြှင့်တင်ရန် ပြည်ထောင်စုနှင့် ပြည်နယ် ရန်ပုံငွေနှစ်ရပ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်အားဖြည့် ပူးပေါင်း လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ကြီးတွင် မုန်တိုင်းကြောင့် ပျက်စီးနေသော မင်းဂံခန်းမကို ပြန်လည်ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်  မေးခွန်း၊

( င ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်း (သံလမ်းကူး)၏ တောင်ဘက်ကပ် လျက် အမှတ်(၂) ပြည်ထောင်စုလမ်းမကြီး (အများသွားလာရန်လမ်း) ပေါ်နှင့် အထက်မှ ပင်မလျှပ်စစ်ကြိုးကြီး တည့်တည့်အောက်၌ ကျူးကျော် ဆောက်လုပ် နေထိုင်အသုံးပြုနေသော ယခင်က စစ်ပြန်ကြီး စောဘလင်း ထန်းရည်ဆိုင်၊ ယခုအရက်ဆိုင်နှင့် ငှားရမ်းထားသော ဆိုင်ခန်း(၄)ခန်းတို့ အား ဖယ်ရှားရန် ခေတ်အဆက်ဆက်အကြောင်းကြားစာများ ထုတ်ဆင့်ခဲ့သော် လည်း လက်တွေ့ဖယ်ရှားခဲ့ခြင်းမရှိဘဲ အစိုးရအဆက်ဆက် လျစ်လျူရှုနေခဲ့ သဖြင့် အခြားစျေးသည်များမှ ၄င်းနည်းအတိုင်း ကျူးကျော်ဆောက်လုပ်ရန် ပြင်ဆင်နေပါသောကြောင့် အဆိုပါကျူးကျော်အဆောက်အအုံကို ယခုအစိုးရ လက်ထက်၌ အပြီးအပြတ် ဖယ်ရှားရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးရုံး နှင့် ကပ်နေသည့် စိန်ပန်းလမ်းနှင့် ကံ့ကော်ရပ်ကွက် လမ်းမကြီးပေါ်တွင် ကျူးကျော်၍ ဆောက်လုပ်တည်ခင်း ရောင်းချနေသည့် ဆိုင်ခန်းပေါင်း (၄၀) ခန့်နှင့် ပတ်သက်၍ မည်သို့စီမံဆောင်ရွက်ထားပြီး ကျိုက်ထိုမြို့၏ မူလစျေးဟောင်း မြို့မစျေးနှင့်ပတ်သက်၍ မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေ များကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြခြင်း။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည် ပြုပြီး ပေးပို့လာသော စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေများကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ၁၂ ရက်မြောက်နေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့်  နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။