Share this

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား International Labour Organization (ILO) မှ National Project Coordinator, Daw Win Myint နှင့် အဖွဲ့တို့က လာရောက်တွေ့ဆုံ

Thursday, May 30, 2019 - 15:50
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား International Labour Organization(ILO) မှ National Project  Coordinator, Daw Win Myint နှင့်အဖွဲ့တို့က (၃၀.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ (၁၄း၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-15) အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် ကော်မတီအဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီမှ အတွင်းရေးမှူး ဒေါက်တာပြည့်ဖြိုး၊ အဖွဲ့ဝင် ဒေါ်မြတ်သီတာထွန်းနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။