Share this

သတ္တမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၃၀.၁၀.၂၀၁၇)

Friday, March 23, 2018 - 10:53
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဆဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

သတ္တမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်

( ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက် )

[ တနင်္လာနေ့ ]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

              (က)   ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်() အများပိုင် စားကျက်မြေများ၊ အားကစားကွင်းများ၊ သာသနိက အဆောက်အအုံ ဝင်းများ အတွင်း စိုက်ထူခဲ့သော MPT တာဝါတိုင်များအနေဖြင့် အခြား Ooredoo, Telenor ဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ မြေငှားရမ်းခ များကို ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် သုံးစွဲရန် ငွေကြေးလစဉ် ထောက်ပံ့ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကျေးလက်ဒေသ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် ဆက်သွယ်မှုကောင်းမွန်စေရန် သထုံမြို့ နယ်၊ ဂေါ့တောရကျေးရွာ အစိုးရပိုင်မြေနေရာတွင် မွန်ပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သည့် တာဝါတိုင်ဖြစ်သည့်အတွက် မြေနေရာငှားရမ်းခကို လစဉ်ငွေကြေး ထောက်ပံ့မှုပေးရန် အစီအစဉ် မရှိပါ ကြောင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ကျေးလက်ဒေသပါ မကျန် ပြည်သူများ ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် CSR ခေါ် တာဝန်သိ လူမှု အကျိုးပြု လုပ်ငန်းများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊  သာသနာ ရေး၊ ဉ်ကျေးမှု၊ လူမှုရေးနှင့် သဘာဝဘေးတို့အတွက် လှူဒါန်းခြင်း များနှင့် စေတနာ့ဝန်ထမ်းပါဝင်မှုများကို အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းကျပ် (၆၀၃.) သန်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းကျပ်(၁၂၂၉.၆၁)သန်း၊ လှူဒါန်းခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် စုစုပေါင်းကျပ်သန်း (၁၃၀၀)ကျော်အထိ လှူဒါန်းသွားရန် လျာထား ပါကြောင်း၊ ကျေးလက်ဒေသရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် နေရာဒေသနှင့် အချိန်အခါအလိုက် ဆက်လက်၍ ကူညီထောက်ပံ့ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

              ( )   ဦးကျင့်ခန့်ပေါင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်() ချင်းပြည်နယ်၊ တီးတိန် မြို့နယ်တွင် လေယာဉ်ကွင်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်မျိုး က တီးတိန်မြို့သည် ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၈၀၀၀ ကျော်အထက်တွင် တည်ရှိပြီး၊ တောင်များမြင့်မား၍ ထူထပ်ခြင်း၊ လေတိုက်နှုန်းပြင်းထန်ခြင်း၊ မိုးရေချိန်များပြားခြင်း၊ မြင်ကွင်းရှင်းလင်းမှု အားနည်းခြင်းနှင့် လေယာဉ်ကွင်း တည်ဆောက်ရန်မြေပြန့်နည်းပါးခြင်း၊ လေယာဉ် ဝင်/ထွက်မှုလမ်းကြောင်းနှင့် ပတ်ဝန်းကျင် အတားအဆီးများပြားခြင်းတို့ကြောင့် အလျား ၃၀၀၀ ပေခန့်သာ တည်ဆောက်နိုင်မည်ဖြစ်ပြီး လေယာဉ်ငယ်များသာ ဆင်းသက်နိုင်မည်ဖြစ်၍ ချင်းပြည်နယ်တွင် လေယာဉ်ကွင်းသစ်ဖောက်လုပ်ရန် အကြိမ်ကြိမ် ကွင်းဆင်း တိုင်းတာ စစ်ဆေးချက် များအရ လေယာဉ်ပြေးလမ်း (၆၀၀၀ x ၁၀၀)ပေ ရရှိရန် တည်ဆောက်နိုင်သဖြင့် အသင့်တော်ဆုံးဖြစ်သည့် ဖလမ်းမြို့၊ ဆူရ်ဘုံတောင်ကြော မြေနေရာအား အတည်ပြု ရွေးချယ်ခဲ့ပြီး ဖလမ်းလေယာဉ်ကွင်းသစ် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေး နှစ်တွင် ပြီးစီးအောင် လျာထားဆောင်ရွက်လျက်ရှိပါသည်။ ဒေသအခေါ် Zaangpi Tam (ဇမ်ပီးတမ်)ဟု အမည်ရသည့် တောင်တန်းလွင်ပြင်သည် ပင်လယ်ရေ မျက်နှာပြင်အထက် မြင့်မားစွာ တည်ရှိနေခြင်း၊ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်အသုံးပြုနိုင်ရန် လုံလောက်သောပြေးလမ်းအလျား တည်ဆောက်၍ မရနိုင်ခြင်းနှင့် လက်ရှိတည်ဆောက် လျက်ရှိသော ဖလမ်းလေယာဉ် ကွင်းသစ်နှင့် လေကြောင်းခရီးလမ်း အကွာအဝေး ခန့်မှန်း နော်တီကယ်မိုင်(၁၈) ခန့်သာကွာဝေးပြီး နီးကပ်စွာ တည်ရှိနေခြင်းကြောင့် လေယာဉ်ကွင်း ဖောက်လုပ်ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားပါသည်။

                  ( )   ဦးတက်ထွန်းအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() ရခိုင် ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ အလယ်ဖရုံကာကျွန်းတွင် တည်ရှိသော မြင့်ဂါ၊ ဖါးဒူကားလမ်းကို ကျောက်ချောလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ပျက်စီးနေသော လမ်းပိုင်းများကို ပြန်လည်ထိန်းသိမ်း မွမ်းမံရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကျောက်ချောလမ်းအဖြစ် ()မိုင် ()ဖာလုံ ဆောင်ရွက်ထားပြီးဖြစ်ပါသဖြင့် ကျန်ရှိသော အပိုင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ ရာသီမရွေး သွားလာ နိုင်သောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက် သွားမှာဖြစ်ပြီး ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

              ()   ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်() မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် ကျောက်ချောလမ်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက  ၂၀၂၀-၂၀၂၁ ခုနှစ် နောက်ပိုင်းနှစ်များတွင် ရာသီမရွေး သွားလာနိုင်သော လမ်းများ အဖြစ် နှစ်အလိုက်ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်

              ( )   ဦးဇော်မင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() ဒီမိုကရေစီ စနစ် ကျင့်သုံးသော နိုင်ငံတကာအစိုးရများသည် မိမိနိုင်ငံ၊ မိမိအစိုးရ အဖွဲ့တို့ ပိုင်ဆိုင်သမျှသော နိုင်ငံသုံးငွေကြေးပမာဏ စုစုပေါင်းနှင့် နိုင်ငံခြားငွေကြေး ပမာဏစုစုပေါင်း စသည်တို့ကို ပြည်သူတို့အား အသိပေးရိုးထုံးစံရှိသည်နှင့်အညီ မြန်မာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံတွင်းလည်ပတ်လျက်ရှိသော ကျပ်ငွေပမာဏ စုစုပေါင်းနှင့် လက်ရှိပိုင်ဆိုင်သော နိုင်ငံခြားငွေပမာဏကို ပြည်သူတို့သိရှိစေရန် ကြေညာပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ  သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက  မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ ()လပတ် ငွေရေးကြေး ရေးစာရင်းအင်းများ ထုတ်ပြန် ချက်စာစောင် (Quartely Financial Statistics Bulletin)ကို နိုင်ငံတကာဗဟိုဘဏ် များနည်းတူ ထုတ်ဝေလျက်ရှိကြောင်း အများ ပြည်သူများ အလွယ်တကူ လေ့လာသိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Website ဖြစ်သည့် WWW.cbm.gov.mmတွင် ဖော်ပြထားပါကြောင်း၊ ၂၀၁၇ခုနှစ် မတ်လကုန်ဆုံးသည့် ()လပတ် အတွက်ကိုလည်း မကြာမီ ဆက်လက်ထုတ်ဝေသွားမှာဖြစ်ကြောင်း စာရင်း အင်းကိန်းဂဏန်း အချက်အလက်များကို ယခုထက်ပို၍ ကျယ်ကျယ် ပြန့်ပြန့်ထည့်သွင်း ဖော်ပြနိုင်ရေးနှင့် အချိန်နှင့်တစ်ပြေးညီ ဖော်ပြနိုင်ရေး ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ()လပတ် ငွေရေး ကြေးရေးစာရင်းအင်း ထုတ်ပြန်ချက်စာစောင်များကို အချိန်    ကွာခြားချက် () ထက်မပိုစေဘဲ ထုတ်ပြန်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးတင်ပြကြောင်း ဖြေကြား၍ ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်းပြီး ယခုလောလောဆယ် စီစဉ်ဆောင်ရွက်နေသည်မှာ စာစောင် များကို ထုတ်ပြန်ပြီး Website ပေါ်တင်လိုက်ခြင်းဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်သော အနေအထားရှိကြောင်း၊ သတင်းစာ တွင် ထုတ်ပြန်ပေးသွားရန်ကိစ္စကိုလည်း ဉ်းစားဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြေကြားပါသည်။

အဆို()ခု တင်သွင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၃။           ဦးဘမျိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်() (ဥက္ကဋ္ဌ၊ တောင်သူလယ်သမား ရေးရာကော်မတီ)က ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခြင်းအား ဦးစိုးဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)က ထောက်ခံပါသည်။ အဆိုအား သဘောမတူသူ မရှိသဖြင့် ဥက္ကဋ္ဌမှ လက်ခံဆွေးနွေးရန် ဆုံးဖြတ်၍ ဥပဒေကြမ်းကော်မတီအား  လွှဲအပ်ပါသည်။                                  

၄။         အစည်းအဝေးကို နေ့လယ် ၁၀၅၈ နာရီအချိန်တွင် ရပ်နားပါသည်။ အဋ္ဌမနေ့ အစည်းအဝေးကို  -၁၁-၂၀၁၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပရန် လျာထားပါသည်။

 

 

အမျိုးသားလွှတ်တော်