Share this

ပထမနေ့ အစီအစဉ် (၁၈ - ၅ - ၂၀၂၀)

Monday, May 18, 2020 - 08:15
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ပထမနေ့ အစီအစဉ် 

[ ၁၈- ၅ - ၂၀၂၀ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း။

၃။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၄။ အမျိုးသားလွှတ်တော် ပထမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၅။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း။ 

၇။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ စစ်တွေမြို့နယ်၊ ဆတ်ရိုးကျကျေးရွာနှင့် ကျေးတောကျေးရွာအုပ်စုတို့မှ လယ်သမား(၂၃)ဦးတို့၏ လယ်မြေ(၁၄၂.၄၉၇)ဧက သိမ်းဆည်းမှုအား ကျေးရွာနှင့်မြို့နယ်အဆင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ ကွင်းဆင်းစစ်ဆေးပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးစိုးဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ (N)မမြဲဦးပိုင်ထွက်ရှိထားသည့် လယ်ယာမြေများကို အမြဲဦးပိုင်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက “၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ” အရ လျှောက်ထား စေခြင်းများမှာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်း ရှိ/မရှိ နှင့် တည်ဆဲဥပဒေဖြစ်သည့် မြန်မာနိုင်ငံ မြေစာရင်းလက်စွဲ ဥပဒေ ပုဒ်မ(၅၈၂)ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ (N)မမြဲဦးပိုင်မှ အမြဲဦးပိုင်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေး တိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၇၁)နန္ဒဘာကွင်း၊ ဦးပိုင်အမှတ် (၈၀/၃)၊ ဧရိယာ(၀.၇၃)ဧကရှိ ယာမြေအား အခြားနည်း အသုံးပြုခွင့် လျှောက်ထားရာတွင် လုပ်ငန်း စာတွဲအမှတ်၊ ၁၆/လယ(၃၀)/၂၀၁၆-၂၀၁၇/မကွေး/ပွင့်ဖြူ အမှုတွဲသည် လိုအပ်ချက်တစ်စုံတစ်ရာ မရှိသည့်အတွက် အမြန်ဆုံး ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ နှင့် ၉-၈-၂၀၁၆ ရက်နေ့က လုပ်ငန်းစာတွဲ စတင်ဆောင်ရွက်ခဲ့ရာ မည်သည့်အတွက် (၃)နှစ်ကျော် ကြာမြင့်နေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအနေဖြင့် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားလူငယ်များအတွက် လူငယ်စင်တာဖြစ်ပေါ်လာရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာနှစ် အလိုက် ရခိုင်လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘတ်ဂျက်ငွေများ မည်ကဲ့သို့ သုံးစွဲနေကြောင်း သိရှိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း နေထိုင်ကြသော ရာ့၊ ဒါးရင်ဒူး၊ ဥပ်(ပူး)၊ ဒိုင်၊ မွင်း စသည့် မျိုးနွယ်စုများ၏ တိုင်းရင်းစာပေ သင်ကြားမှုအား မည်ကဲ့သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုခြင်း နှင့် ဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း။

၈။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း။

၁၀။ ဦးမင်းဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)က ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဌေးကြွယ် နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် တို့နှစ်ဦး ကွယ်လွန်သွားခြင်းအတွက် အထူးဝမ်းနည်းကြောင်း အဆို တင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း။

၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။