Share this

ဒသမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၈.၁၁.၂၀၁၇)

Friday, March 23, 2018 - 11:09
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဆဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

                                                                                           ဒသမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ရက်

( ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ရက် )

[ ဗုဒ္ဓဟူးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

     (က)   ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်() ရခိုင်ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ကို  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ UNESCO ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး စာရင်းတင်သွင်းရန်  အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရခိုင်ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ကို  ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး ၂၀၁၈ ခုနှစ် အတွင်း စာရင်းတင်သွင်းရန် အစီအစဉ် ရှိပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် (World Heritage List)တင်သွင်းရေးအတွက် လိုအပ်သော ကော်မတီဖွဲ့စည်းမှုများကိုလည်း နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်နှင့် အညီ ‌‌မြောက်ဦးဒေသကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့(Steering Committee) လုပ်ငန်းကော်မတီနှင့် အကြံပေး ပညာရှင်အဖွဲ့ (Advisory Team)တို့နှင့် ဆပ်ကော်မတီ အသီးသီးကို လည်း ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများ၊ ဆပ်ကော်မတီများနှင့် အဖွဲ့အစည်းများမှလည်း ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားပါသည်။

                  ( )   ဒေါက်တာကျော်သန်းထွန်း(ကန်တုန်) မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်() မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်း(ခေါ်)သင်းတွဲ ဘွဲ့နာမည်တွင်သည့်  ရှေးမြို့ဟောင်းကို ကမ္ဘာ့မှတ်တမ်းဝင်မြို့အဖြစ် အမည်စာရင်း တင်သွင်းပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း သာသနာရေးနှင့် ဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက တကောင်းမြို့ ဟောင်းဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် (Tentative Lists) ပါဝင်ခြင်းမရှိသေးပါသဖြင့် တကောင်းခေါ် သင်းတွဲ ဘွဲ့နာမည်တွင်သည့် ရှေ့မြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်မြို့အဖြစ် အမည်စာရင်း တင်သွင်းပေးနိုင်ရန် လောလောဆယ်တွင် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားပါသည်။

                  ( )   ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်() သထုံမြို့ နယ်တွင် လယ်ယာမြေဧက (၂၂၀၀၀)အတွက် ရေကြီးနစ်မြုပ်မှုနှင့် ရေငန် ဝင်ရောက်မှုမှ ကာကွယ်ရန် တည်ဆောက်ခဲ့သော ကျုံထော် ရေထိန်း တံခါးကြီး ပြိုကျသွားမှုအပေါ် ဒေသခံသက်တမ်းရင့် တောင်သူ လယ်သမားများ၏ ဆန္ဒအရ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ကျုံထော် ရေတံခါး၏ မူလအကျိုးပြု လယ်မြေဧရိယာများအား ရေကြီးနစ်မြုပ်မှုနှင့် ရေငန် ဝင်ရောက်မှုများမှ ကာကွယ်ပေးနိုင်ရေးအတွက် ရေနုတ်မြောင်း()ခု အပေါ်တွင် ရေထိန်းတံခါးများ တည်ဆောက်ပေးရန် လိုအပ်လျက် ရှိသော်လည်း လုပ်ငန်းပမာဏကြီးမားပြီး တည်ဆောက်မှုကုန်ကျစရိတ်လည်း များပြားနိုင်သောကြောင့်လည်းကောင်း၊ ကမ်းပြိုကမ်းစားမှုမှ ကင်းဝေးပြီး နောင်ရေရှည်တည်တံ့စေရေး အတွက်လည်းကောင်း ရည်ရွယ်၍ ပင်လည် ရေစီးကြောင်း ပြောင်းလဲတိုက်စားမှုနှင့်အတူ ကမ်းပြိုကမ်းစားမှု အခြေ အနေအား အချိန်ယူ၍ စောင့်ကြည့်လေ့လာခြင်း၊ ဒီရေအတက်အကျနှင့် ရေမှတ်များအား စောင့်ကြည့်တိုင်းတာခြင်း၊ မြေအောက်ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း၊ တည်ဆောက်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ချက်ကိုက်မှု ရှိ/မရှိ ဆန်းစစ်ခြင်းစသည်တို့ကို အနည်းဆုံး ()နှစ်ခန့် အချိန်ယူဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဦးစွာအနေဖြင့် ရေထိန်း တံခါးများ တည်ဆောက်ပေးရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လိုအပ်သည့် စူးစမ်းလေ့လာတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောရန်ပုံငွေကို တင်ပြတောင်းခံဆောင်ရွက်ပြီးနောက် လုပ်ငန်း ဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းရှိပြီး အကျိုးဖြစ်ထွန်းမှုလည်းရှိပါက လုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်ရန်အတွက် ဒီဇိုင်းပြု တွက်ချက်ခြင်းများ ပထမအဆင့်အနေဖြင့် ဆောင်ရွက်ပြီးမှသာ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်ကို စီမံသင့်ပါကြောင်း ဖြေကြားပါသည်။

     ()   ဦးကျော်ဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁) မကွေးတိုင်း    ဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မြောက်ပိုင်း၊ ချောင်းဆုံကြီး ကျေးရွာအုပ်စု၊ ချောင်းဆုံရွာအနီးတွင် တောင်ယမား ရေလှောင်တမံ ရေပိုလွှဲကျော် ကွန်ကရစ်တံတား ပြုလုပ်ပေးရန်နှင့် ၎င်းတမံ ရေဖောက် ချ၍ ပျက်စီးခဲ့ရသော လယ်ယာမြေများကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ရေပိုရေလွှဲ ဖြတ်ကျော်တံတား တည်ဆောက်ခြင်းနှင့် လယ်ယာမြေများ ပြန်လည် ပြုပြင်ပေးခြင်းလုပ်ငန်းများမှာ ဆောင်ရွက်ရန် သင့်လျော်မှုမရှိသည့် အခြေအနေများအား လွှတ်တော်ကိုယ်စားများအား တွေ့ဆုံ၍ ရှင်းလင်း ဆွေးနွေးထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း ကျေးရွာပြောင်းရွှေ့ရေး ကိစ္စရပ်များ စဉ်စားသုံးသပ်လျက်ရှိနေခြင်း တို့ကြောင့် ဒေသခံပြည်သူများ၏ လိုလားမှုကို အခြေခံ၍ တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် စီမံဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များအပေါ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ့ရေး ဦးစီးဌာနအနေဖြင့် လိုအပ် သလိုပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

      ( )   ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရတနအုပ်စု၊ လောင်းခုတ်တောင်ကျေးရွာရှိ လယ်သမားတာ (ကာရီ) ()လုံးကို ရေတံခါးနှင့် ရေနုတ်မြောင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က တာပုံစံကျပြုပြင်ခြင်း(၂၃၀၀၀)ပေ ခန့်မှန်းကုန်ကျ ငွေကျပ် (၃၃၁.၂၀)သန်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း(၁၅၀၀၀)ပေ ခန့်မှန်းကုန်ကျ ငွေကျပ် (၁၃၄.၄၀)သန်း (၅ပေx၆ပေ)()ပေါက် ကွန်ကရစ်ရေတံခါး ()လုံးနှင့် (၅ပေx၆ပေ)()ပေါက် ကွန်ကရစ်ရေတံခါး ()လုံးအတွက် ခန့်မှန်းကုန်ကျ ငွေကျပ်(၂၅၀.၀၀)သန်း စုစုပေါင်းကျပ်(၇၁၅.၆၀)သန်း ကုန်ကျမည်ဖြစ်ပြီး၊ အဆိုပါ လုပ်ငန်းအကောင်အထည်ဖော်ရန် သက်ဆိုင် သည့် လယ်သမားအားလုံး၏ ညှိနှိုင်းသဘောတူညီချက်ကို လွှတ်တော် ကိုယ်စားလှယ်/သက်ဆိုင်ရာဒေသအာဏာပိုင်များမှ ဦးဆောင်မှုပြု၍ ရယူမည်ဖြစ်ပြီး သက်ဆိုင်သည့် လယ်သမားအားလုံး သဘောတူညီချက် ရရှိမှသာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရ ရန်ပုံငွေ ရရှိရေးတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ ဆောင်ရွက် မည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ဖြေကြားပါသည်။

အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်းနှင့် ဥပဒေကြမ်း()ခုဆွေးနွေးခြင်း

၃။           ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇)နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြလက်မှတ်ရေးထိုး၍ ၁၄-၁၁-၂၀၁၇ (အင်္ဂါနေ့) ထက်နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာပါသည်။

              အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာရင်းအင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ဦးစိုးသိန်း() ဦးမောင်စိုး တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)က ဆွေးနွေးပါသည်။                          

အစီရင်ခံစာဖတ်ကြားခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၄။           (ဥပဒေကြမ်းကော်မတီ၊ အတွင်းရေးမှူး)ဒေါက်တာမြတ်ဉာဏစိုး၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်()က မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပါသည်။ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပေးပို့လာသော မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို  မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲများသဖြင့် ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်း ဆုံးဖြတ်ပါသည်။

၅။        အစည်းအဝေးကို နေ့လယ် ၁၁၅၅ နာရီအချိန်တွင် ရပ်နားပါသည်။ ၁၁ ရက် မြောက်နေ့ အစည်းအဝေးကို  ၁၄-၁၁-၂၀၁၇ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပရန် လျာထား ပါသည်။

 

 

အမျိုးသားလွှတ်တော်