Share this

တတိယနေ့ အစီအစဉ် (၃ - ၂ - ၂၀၂၀)

Monday, February 3, 2020 - 08:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

တတိယနေ့ အစီအစဉ်

[ ၃ - ၂ - ၂၀၂၀ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် တတိယနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံဟော်လုံ (ဟော်နန်း) မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင်း မြို့ရှောင်လမ်း ၁၈ ပေ အကျယ်မှ ၅၀ ပေအကျယ် တာချဲ့ခြင်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးသိန်းလွင်၊  ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရပ်ကွက်မှ စင့်ကင်ကျေးရွာသို့ တာပိန်ချောင်းကို ဖြတ်၍ ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်တံတား ဆောက်လုပ် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ရန်ကုန်တိုင်း ဒေသကြီး၊ ထောက်ကြန့် မြို့ရှောင်ကတ္တရာလမ်း အရှည်(၁)မိုင်(၇)ဖာလုံအား ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် လမ်းနယ်ကျူးကျော် အဆောက်အဦများကို စနစ်တကျ ဖယ်ရှားပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်း - တပ်တောင် လမ်းတွင် လမ်းချဲ့ရန် ကျန်ရှိနေသည့် ၂ မိုင် ၂ ဖာလုံနှင့် လမ်းခင်းရန် ကျန်ရှိနေသော ၂ မိုင် ၃ ဖာလုံ၊ လုပ်ငန်းကျန် Over Lay ၄ ဖာလုံအား လာမည့်ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဆောင်ရွက် ပေးရန်နှင့် အမ်းမြို့နယ်အတွင်း ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိလမ်းဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာငွေ (ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာငွေ)မည်မျှသုံးစွဲခဲ့သည်ကို သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ပလက်ဝ - အဘောင်သား - ခဝဲ ကားလမ်းပေါ်ရှိ ရုပ်ချောင်း ကြိုးတံတားဟောင်းအား အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။