Share this

ဆဋ္ဌမနေ့ အစီအစဉ် (၂၈ - ၇ - ၂၀၂၀)

Tuesday, July 28, 2020 - 08:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ဆဋ္ဌမနေ့ အစီအစဉ်

 [ ၂၈ - ၇ - ၂၀၂၀ ]( အင်္ဂါနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ဆဋ္ဌမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်ဖြူလေဆိပ်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့် မြှင့်တင် တည်ဆောက်ပေးရန် သို့မဟုတ် ပြန်လည်ပြုပြင် မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၏ စီမံကိန်း အကောင်အထည် မဖော်ဖြစ်သော ကုန်သွယ်ရေးဇုန် အဆိုပြုမြေနေရာရှိ အိမ်ရာခြံဝင်းများ အတွင်း လူနေအိမ်များ ပြုပြင်ထိန်းသိမ်းခြင်း၊ အသစ်ဆောက်လုပ်ခြင်းများ ခွင့်ပြုပေးပြီး မူလပိုင်ရှင် များအား ဆက်လက်နေထိုင်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် ကျောင်းသားကျောင်သူများ၏ တီထွင်ဖန်တီးမှု (Project) စွမ်းရည်ပြိုင်ပွဲများအား အစိုးရအစီအစဉ်ဖြင့် ကျင်းပပြုလုပ် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မင်းခေါင်းဆေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် (၁၂၀ x ၃၀) ပေ RCC နှစ်ထပ်ကျောင်းဆောင် တစ်ဆောင်ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ လျာထား သတ်မှတ်ပြီး တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့်  မေးခွန်း၊

( င ) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်ရှိ လက်ရှိမြို့နယ်အဆင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရှိသော ဟားခါးမြို့၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင် ခရိုင်အဆင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနများ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် ကျန်မြို့နယ်များကို မြို့နယ်အဆင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနများ တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မုံရွာ - အရာတော် - ရွှေဘိုလမ်း မိုင်တိုင် ၃ မိုင် ၇ ဖာလုံနှင့် ၄ မိုင် ၂ ဖာလုံအတွင်း အဝိုင်းပတ် အပါအဝင် ၃ မိုင် အရှည်အား (၃၆)ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း ခင်းရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊ 

(ဆ) ဒေါက်တာမြသောင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်တွင် မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်းနှင့် တကူပတီ - ကုလားဘီလမ်း စသည့်လမ်းပိုင်းများအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းပေးရန်  အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်း။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်တင်ပြသည့် အစီရင်ခံစာအပေါ်  လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ရပ်နားကြောင်းနှင့် သတ္တမနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။