Share this

စတုတ္ထနေ့ အစီအစဉ် (၂၅ - ၅ - ၂၀၂၀)

Monday, May 25, 2020 - 08:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

စတုတ္ထနေ့ အစီအစဉ်

[ ၂၅ - ၅ - ၂၀၂၀ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် စတုတ္ထနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ကော်မတီများတွင် အဖွဲ့ဝင်နေရာများ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြခြင်းနှင့် အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူခြင်း။

၆။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ သံတွဲ(ငပလီ - မဇင်) လေဆိပ်ကို နိုင်ငံတကာခရီးစဉ် ပျံသန်းစေသည့် လေယာဉ်များ ဝင်ရောက်/ ထွက်ခွာနိုင်သော အကောက်ခွန်လေဆိပ် (Custom Aerodrome)အဖြစ် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 

( ခ ) ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကျိုင်းတုံမြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် လိုအပ်သော မြေနေရာအား သက်ဆိုင်ရာများမှ အသုံးမလိုသည့် သိမ်းဆည်းမြေများအား ပြန်လည် စွန့်လွှတ်အပ်နှံခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်း၊

( ဂ ) ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ရန်ကုန်မြို့၊ ပြည်လမ်း၊ (၉)မိုင်ရှိ မြန်မာဂေါက်သီးရိုက်အသင်းပိုင်မြေအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ မြန်မာဂေါက်သီးရိုက်အသင်းပိုင် မြေငှားဂရန် စာချုပ်ကိုသိမ်းယူကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ထားခဲ့ခြင်းကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ နှင့် ပေးအပ်ရန်ရှိပါက မည်သည့် အချိန်တွင် ပြန်လည်ပေးအပ်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု ကျန်းမာရေးကို ပိုမို ထိရောက်စွာ စောင့်ရှောက်ပေးနိုင်ရန် ပြင်ပအထွေထွေရောဂါကုဆရာဝန် (General Practitioners)များ တက်ရောက်နေသော Diploma သင်တန်းများအား အဆင့်မြှင့်၍ Master ဘွဲ့သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း၊

( င ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံအား ခရိုင်အင်္ဂါရပ်နှင့် ညီညွတ်သည့် ခုတင်(၁၀၀)ဆံ့ ခရိုင်ဆေးရုံအဖြစ် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးဆီဟူးဒွေ့၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ အေးမြသာယာနှင့် နန်းကွေ့ကျေးရွာအုပ်စု၊ ကဘူဒမ်း ကျေးရွာအား ဆက်သွယ်ထားသော အေးမြသာယာ - ကဘူဒမ်းလမ်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ခင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချိုင်းစနူးကျေးရွာအုပ်စုနှင့် မှုံတနူး ကျေးရွာ အုပ်စုကြား ဆက်သွယ်ထားသည့် လေးချောင်းကြိုးတံတားအား အသစ် ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ နိုင်ငံတော် အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ မြေတိုင်းရပ်ကွက် အမှတ်(၂၉/စီ-၁)၊ မြေကွက်အမှတ် (၇-အေ)နှင့်ပတ်သက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော အစိုးရမြေကို လေလံတင်ရောင်းချခဲ့ခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်း။

၇။ အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးခြင်း-

- ဦးစိုးသိန်း(ခ) ဦးမောင်စိုး၊ 

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၈။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခြင်း။ 

၉။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။

၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း။

၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။