အစည်းအဝေးကျင်းပသည့်နေ့ရက် |
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး |
မေးခွန်းမေးမြန်းသူ | ဦးဝင်းအောင် |
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) | |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |
ပြန်လည်ဖြေကြားသူ | ဒုတိယဝန်ကြီး ဦးလှကျော် |
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |
အကြောင်းအရာ |
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့ ကွင်းအမှတ် - OSS.၅၃.A မြဝတီ အပြင်ကွင်းဧရိယာ ၃၅.၅၇ ဧကရှိ ဦးစံသွင်အမည်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသောမြေကို တိုင်းတာပေးပါရန် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိသည့်အပြင် ကရင်ပြည်နယ်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက အဖွဲ့အစည်းရုံးများနှင့် လူနေအိမ်ရာများ တည်ဆောက်ရန်အတွက် အမှုတွဲပြုလုပ်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ လျှောက်ထားခြင်းသည် မူလပိုင်ရှင် ပြန်လည်ရရှိရေး နိုင်ငံတော်မှ ချမှတ်ထားသောမူများကို ဆန့်ကျင်ခြင်း ရှိ/မရှိနှင့် ပြည်ထောင်စုအစိုးရက မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။ ဖြေကြားချက်အပြည့်အစုံကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း၏ စာမျက်နှာ (၂၅)တွင် ဖတ်ရှုပါ။ |