ဦးအောင်ထွန်း

Magway
မဲဆန္ဒနယ်အမှတ်(၁၁)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

၁။ အကြိမ် - ပထမအကြိမ်
၂။ အမည် - ဦးအောင်ထွန်း
၃။ အခြားအမည်ရှိလျှင် - မရှိပါ
၄။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓဘာသာ
၅။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် - ၁၂/မဘန(နိုင်) ၀၀၉၈၆၇
၆။ မွေးသက္ကရာဇ် / အသက် - ၀၅-၀၄-၁၉၅၂ / (၆၆) နှစ်
၇။ မွေးဖွားရာဇာတိ - ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်
၈။ ပညာအရည်အချင်း - မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး)
၉။ လက်ရှိအလုပ်အကိုင် - အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၁၀။ အဘအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဦးတင်မောင် (ကွယ်လွန်)
၁၁။ အမိအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်ကြိုင် (ကွယ်လွန်)၊ MYG ၁၄၃၈၅၄
၁၂။ ဇနီး(သို့) ခင်ပွန်းအမည် / မှတ်ပုံတင်အမှတ် / အလုပ်အကိုင် - ဒေါ်သန်းသန်းနွဲ့ ၊ ၁၂/မဘန(နိုင်) ၀၀၉၈၆၉၊ မှီခို
၁၃။ သား / သမီးအမည် / မှတ်ပုံတင်အမှတ် / လုပ်အကိုင် - (၁) မလဲ့လဲ့အောင်၊ ၁၄/ပသန(နိုင်) ၁၈၀၉၁၉၊ နည်းပြ ၊ ဒဂုံတက္ကသိုလ်။ (၂) ဗိုလ်ကြီးကျော်သူထွန်း၊ စစ်မှုထမ်း ၊ အင်ဂျင်နီယာတပ် ၊ တောင်ငူမြို့ ။
၁၄။ အမြဲတမ်း နေရပ်လိပ်စာ - အမှတ်(၂၀)၊ ချယ်ရီဥယျာဉ်ရိပ်သာ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်
၁၅။ ကိုယ်စားပြုပါတီ / တစ်သီးပုဂ္ဂလ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၆။ ရွေးချယ် တင်မြှောက် ခံရသည့် မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၁၁)
ကိုယ်ရေး အကျဉ်း: 

(က) ပညာသင်ကြားခဲ့ဖူးသော ကျောင်းများကိုဖော်ပြရန် 

သူငယ်တန်းမှ တတိယတန်းထိ ကျေးရွာမူလတန်းကျောင်းတွင် ၁၉၆၂ ခုနှစ်ထိ ပညာသင်ကြားခဲ့ပြီး စတုတ္ထတန်း မှ အဋ္ဌမတန်းထိ အ.ထ.က(၁) မန္တလေးမြို့တွင် ၁၉၆၃ ခုနှစ် မှ ၁၉၆၈ ခုနှစ်ထိ ပြောင်းရွှေ့ပညာ သင်ကြားခဲ့ပါသည်။ ၁၉၆၉ ခုနှစ်တွင် နဝမတန်းကို အ.ထ.က(၁) ပခုက္ကူမြို့တွင် ခေတ္တပြောင်းရွှေ့ သင်ကြားခဲ့ပြီး၊ ၁၉၇၀ ပြည့်နှစ်တွင် ဒသမတန်းကို အ.ထ.က(၁) မန္တလေးသို့ ပြန်လည်ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပါသည်။ ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း တက်ရောက်ရန် ရွေးချယ်ခံရပြီး ၆.၁.၇၁ မှ ၃၁.၁၂.၇၄ ထိ ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁၆)တွင် တက်ရောက် အောင်မြင်ခဲ့ပါသည်။

(ခ) လုပ်ကိုင်ခဲ့ဖူးသည့် အလုပ်အကိုင် ၊ ပြောင်းရွှေ့နေထိုင်ခဲ့သည့် နေရာဌာနများဖော်ပြရန် –

၆.၁.၇၅ ရက်နေ့တွင် မိခင်တပ်ရင်းအဖြစ် ခလရ (၅၆) တွင် တပ်စုမှူးအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ခ.လ.ရ (၅၆) တွင် ထောက်လှမ်းရေးအရာရှိ၊ တပ်ထောက်အရာရှိ ၊ တပ်ရေးဗိုလ်ကြီး တာဝန်များအား ၁၉၈၀ ပြည့်နှစ် အထိ တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ၎င်းမှ ခလရ(၃၆) ကျုံပျော်သို့ ပြောင်းရွှေ့ခဲ့ပြီး တပ်စုမှူး၊ တပ်ရေးဗိုလ်ကြီး တာဝန်များကို ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၄ခုနှစ်တွင် ကက(ကြည်း) တာ၀န်ဌာနသို့ စစ်ဦးစီးမှူး (တတိယတန်း) တာ၀န်ဖြင့် ပြောင်းရွှေ့ပြီး ၁၉၈၇ခုနှစ်အထိ ထမ်းဆောင်ခဲ့ပါသည်။ ၎င်းမှ ၁၉၈၇ခုနှစ်တွင် တပ်ခွဲမှူး (ဗိုလ်မှူး) အဖြစ် ခလရ(၉၁)သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ခလရ(၉၁)တွင် တပ်ခွဲမှူး၊ ဌာနချုပ်တပ်ခွဲမှူး၊ မ၀တဥက္ကဋ္ဌ (ထန်းတပင်) တာ၀န်များ ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် ခလရ(၅၀)သို့ ဒုတပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ရပါသည်။ ၁၉၉၂ ခုနှစ်တွင် ယာယီတပ်ရင်းမှူး အဖြစ် ခမရ (၁၀၄)သို့ ပြောင်းရွှေ တာဝန်ထမ်းဆောင်ပြီး၊ ၂၂.၇.၉၃ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်တိုးမြှင့် ခံခဲ့ရပါသည်။ တပ်ရင်းမှူး တာဝန်အား ၂၃.၄.၉၇ ရက်နေ့ထိ ထမ်းဆောင်ခဲ့ပြီး ၊ ၂၉.၄.၉၇ ရက်နေ့တွင် နတခသို့ ပြေင်းရွှေ့  ရောက်ရှိ၍ စစ်ဦးစီးမှူး (ပထမတန်း) တာဝန်များကို ၁၁.၈.၉၈ ရက်နေ့ထိ ထမ်းဆောင်ခဲ့ပြီး ၁၆.၈.၉၈ ရက်နေ့တွင် တမခ (၅၅)သို့ ယာယီ နည်းဗျူဟာမှူးအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ပါသည်။
၁၆.၈.၉၉ ရက်နေ့တွင် ဗိုလ်မှူးကြီး အဆင့် တိုးမြှင့်ရရှိခဲ့ပါသည်။ ကက(ထူး)၏ ၁၄.၁.၂၀၀၀ ရက်စွဲပါ စာအမှတ် ၊ ၄ ရာထူး (၄၆)၂၀၀၀အရ တမခ(၆၆)သို့ နည်းဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ ခန့်အပ်သဖြင့် တမခ(၆၆)သို့ ၂၅.၁.၂၀၀၀ ရက်နေ့တွင် ပြောင်းရွှေ့ ရောက်ရှိပါသည်။၊ နဗဟ (၆၆၃)မှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ကက(ထူး) ၏ ၁၃.၇.၂၀၀၀ ရက်စွဲပါ စာအမှတ် ၊ ၄ ရာထူး (၄၀)၂၀၀၁ အရ စစ်ဦးစီးတက္ကသိုလ်သို့ ဒုတိယ ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ကက(ထူး)၏ ၁၈.၁၂.၂၀၀၁ ရက်စွဲပါ စာအမှတ်၊ ၁၆ ရာထူး (၄၃)၂၀၀၁ အရ အမှတ်(၆၆) ခြေမြန် တပ်မဌာနချုပ်သို့ တပ်မမှူးအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြန်တမ်း ၊ ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ၊ ၁၃ရက်စွဲပါ အမိန့်အမှတ် ၁၁/၂၀၀၃ အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကက(ရေး)၏ ၂၀၁၀ ခုနှစ် မေလ ၅ ရက်စွဲပါ စာမှတ် ၅/၄၆၁/ရေး ၂ (၁)အရ တပ်မတော်(ကြည်း)တွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခွင့် ပြုလိုက်ကြောင်း သတ်မှတ်ခဲ့ပါသည်။ ဒုတိယဝန်ကြီး တာဝန်ကို ၂၀၁၀ ပြည့်နှစ်အထိ ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)တွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အဖြစ်ပါဝင်အရွေးခံ ခဲ့ပါသည်။

(ဂ) ပြည်ပခရီးစဉ် မှတ်တမ်း

စဉ် မှ ထိ

သွားရောက်သည့် နိုင်ငံများ

သွားရောက်သည့် ကိစ္စ

မည်သည့်အစိုးရ အဖွဲ့အစည်း အထောက်အပံ့ဖြင့် သွားရောက်သည်

၁။ ၄.၃.၂၀၀၄ ၇.၃.၂၀၀၄ ဗီယက်နမ် GMS ကုန်စည်ပြပွဲ ၂၀၀၄  
၂။ ၄.၅.၂၀၀၄ ၅.၅.၂၀၀၄ ဆီနီဂေါ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ဝန်ကြီးများ အစည်းအဝေး  
၃။ ၄.၆.၂၀၀၄ ၈.၆.၂၀၀၄ တရုတ် ကူမင်းကုန်စည်ပြပွဲ  
၄။ ၄.၁၀.၂၀၀၄ ၇.၁၀.၂၀၀၄ ဗီယက်နမ် အာဆီယံကုန်စည်ပြပွဲ ၂၀၀၄  
၅။ ၃.၁၁.၂၀၀၅ ၆.၁၁.၂၀၀၅ ဗီယက်နမ် တတိယအကြိမ် မြန်မာ -ဗီယက်နမ် ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်အဝေး  
၆။ ၅.၆.၂၀၀၆ ၈.၆.၂၀၀၆ တရုတ် ကူမင်းကုန်စည်ပြပွဲ  
၇။ ၁၈.၉.၂၀၀၇ ၂၁.၉.၂၀၀၇ ဖိလစ်ပိုင် ကုန်သွယ်မှု အထောက်အကူပြု အဆင့်မြင့် ဆွေးနွေးပွဲ  
၈။ ၁၀.၁၂.၂၀၀၇ ၁၄.၁၁.၂၀၀၇ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပူးတွဲကော်မရှင် ဒုတိယအကြိမ် အစည်းအဝေး  
၉။ ၁၀.၁၂.၂၀၀၇ ၁၉.၁၂.၂၀၀၇ တရုတ် (၇)ကြိမ်မြောက် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ  
၁၀။ ၂၇.၂.၂၀၀၈ ၂၈.၂.၂၀၀၈ လီဆိုသို ကမ္ဘာကုန်သွယ်ရေး အဖွဲ့၏ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေး  
၁၁။ ၂၇.၄.၂၀၀၈ ၃၀.၄.၂၀၀၈ ရုရှား မော်စကိုမြို့သို့ အလုပ်သဘော လည်ပတ်ရန် ဖိတ်ကြားခြင်း  
၁၂။ ၂၄.၂.၂၀၀၉ ၂၈.၂.၂၀၀၉ ဗီယက်နမ် ပဉ္စမကြိမ် မြန်မာ – ဗီယက်နမ် ပူးတွဲကော်မတီ အစည်းအဝေး  
၁၃။ ၆.၆.၂၀၀၉ ၁၀.၆.၂၀၀၉ တရုတ် (၁၇)ကြိမ်မြောက် ကူမင်းကုန်စည်ပြပွဲ  
၁၄။ ၁၅.၇.၂၀၀၉ ၂၂.၇.၂၀၀၉ တရုတ် အာရှနိုင်ငံများ၏ဝန်ကြီးများအဆင့် စီးပွားရေး စီမံအုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးပွဲ  
၁၅။ ၂.၄.၂၀၁၀ ၅.၄.၂၀၁၀ ထိုင်း ပဉ္စမအကြိမ်မြောက် မြန်မာ-ထိုင်း ကုန်သွယ်ရေးပူးတွဲ ကော်မရှင် အစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ ဖက်ရှင်နှင့် သားရေပြပွဲ  
၁၆။ ၆.၆.၂၀၁၀ ၁၀.၆.၂၀၁၀ တရုတ် (၁၈)ကြိမ်မြောက် ကူမင်းကုန်စည်ပြပွဲနှင့် တတိယအကြိမ် တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲ  
၁၇။ ၂၂.၉.၂၀၁၀ ၂၃.၉.၂၀၁၀ ဘင်္ဂလားဒေ့ရှ် စတုတ္ထအကြိမ်မြောက် မြန်မာ – ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေး  
၁၈။ ၄.၅.၂၀၁၁ ၆.၅.၂၀၁၁ စင်္ကာပူ စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း ကိစ္စ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ တီးမားဆက် ဖောင်ဒေးရှင်း
၁၉။ ၂၅.၆.၂၀၁၁ ၂.၇.၂၀၁၁ ရုရှား ချစ်ကြည်ရေး ခရီးစဉ် ရုရှားဖက်ဒရေးရှင်း နိုင်ငံ
၂၀။ ၁၁.၇.၂၀၁၃ ၂၀.၇.၂၀၁၃ တရုတ် တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီ လေ့လာရေးအဖွဲ့ ခေါင်းဆောင်အဖြစ် သွားရောက်ခြင်း တရုတ်ကွန်မြူနစ်ပါတီ
၂၁။ ၂၇.၁၁.၂၀၁၃ ၃.၁၂.၂၀၁၃ ဂျပန် ချစ်ကြည်ရေးခရီးစဉ် ဂျပန်နိုင်ငံ၊ နိုင်ငံတော်စရိတ်

(ဃ) ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး/လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များဖော်ပြရန် – မရှိပါ

(င) ချီးမြှင်ခံရသောဘွဲ့ထူး ၊ ဂုဏ်ထူး – မရှိပါ

(စ) အခြားဖော်ပြရန်ရှိသည်များ – မရှိပါ