အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၂၅.၃.၂၀၂၀)ရက်နေ့ (၁၅၁၅)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက COVID-19 ရောဂါကို နိုင်ငံတကာမှ တုန့်ပြန်ထိန်းကွပ်ခြင်း ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကော်မတီဝင်များမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြပြီး အစည်းအဝေးကို (၁၆၁၅) နာရီတွင် ရုပ်သိမ်းပါသည်။