စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော်၊ မြန်မာ-ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရင်းနှီးရေးအသင်း အထွေထွေအတွင်းရေးမှူး မစ္စတာခိုဇိုယာမာမိုတို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ မြန်မာ-ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရင်းနှီးရေးအသင်း အထွေထွေအတွင်းရေးမှူး မစ္စတာခိုဇိုယာမာမိုတို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က (၂.၈.၂၀၁၈)ရက်နေ့ (၁၅၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20)ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း အောင်ဆန်းကျောင်းအား ၂၀၂၀ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်းနှင့် အလုပ်ရှင်၊ အလုပ်သမားကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အသင်းဥက္ကဋ္ဌ ဦးကျော်ထွေး၊ အတွင်းရေးမှူး ဦးဇော်မင်းလတ် နှင့်အတူ မြန်မာ-ဂျပန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။