Share this

အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး နှင့် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်တင်ဝင်း တို့အား UN Women အဖွဲ့က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်တင်ဝင်းတို့အား UN Women အဖွဲ့က (၆.၂.၂၀၁၉)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ၊ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ၊ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပေးအပ်နေဆဲဝန်ဆောင်မှုများ၊ အကြမ်းဖက်မှု ကြုံတွေ့ခံစားရသည့် အမျိုးသမီးနှင့်ကလေးသူငယ်များ ရရှိနိုင်သည့်အခွင့်အရေးများနှင့် UN Women အဖွဲ့မှ ကြိုးပမ်းဆောင်ရွက်မှုများ၊ အိုင်တီနည်းပညာအသုံးပြု၍ ရွှေ့ပြောင်းအလုပ်သမားများအား အထောက်အပံ့ပေးခြင်းဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်တင်ဝင်း နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။