Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၁၃.၃.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အောက်ထပ်အစည်းအဝေး ခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းမှ တရုတ်နိုင်ငံ၏ ဗဟိုချုပ်ကိုင်သော နိုင်ငံရေးအကြောင်းနှင့် အဖွဲ့ဝင် ဗိုလ်မှူးဇဝနမှ ရွေးကောက်ပွဲမှာ ရှေ့ဆုံးက ပြန်လည်ဦးဆောင်လာသော အိန္ဒိယ၏ BJP ပါတီနိုင်ငံအကြောင်း ဆွေးနွေးပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၃၅၀)နာရီတွင် ရုပ်သိမ်းပါသည်။