စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ နေပြည်တော်၊ ဝက်မွေးမြူထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများလာရောက်တွေ့ဆုံဆွေးနွေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် (၉.၈.၂၀၁၆)ရက်နေ့ (၁၃၁၅)နာရီအချိန်တွင် ရေးရာဆောင်အမှတ် (I-14) အစည်းအဝေးခန်းမ၌ လက်ရှိမြန်မာနိုင်ငံ၏ ဝက်မွေးမြူထုတ်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ နေပြည်တော်၊ ဝက်မွေးမြူထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ တွေ့ဆုံပွဲအခမ်းအနားကို (၁၅၁၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။