စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်း

လှုပ်ရှားမှုများ

မြန်မာနိုင်ငံအတွင်း ရေဘေးအန္တရာယ်ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၂.၈.၂၀၁၈)ရက်နေ့ (၁၂၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၂၃)ဦး၏ တစ်ရက်စာနေ့တွက်စရိတ် လှူဒါန်းငွေကျပ် (၄,၄၄၀,၀၀ဝိ/-)ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လှူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လက်ခံရယူသည်။

အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လှူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမျိုးသားလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။