Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရန်ကုန်မြို့၊ သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Ms. Andrea Faulkner အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ရန်ကုန်မြို့၊ သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Ms. Andrea Faulkner အား (၂၈.၃.၂၀၁၉)ရက်နေ့ ၁၃:၃၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုခိုင်မြဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးတို့နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ လွှတ်တော်ကော်မတီများဖွဲ့စည်းမှု၊ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။