စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြဝတီမြို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တက်ရောက်၍ လှူဖွယ်ပစ္စည်းများ လောင်းလှူ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီမြတ်ကြီးအတွင်း ၁၃၈၀ပြည့်နှစ် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၂၄ ရက် ၁၂နာရီတွင် ကျင်းပပြုလုပ်သည့် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကို တက်ရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူသည်။

ရှေးဦးစွာ မြဝတီခရိုင်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သာသနာ့ဟိတကာရီ ဗိမာန်တော်၌ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဘုရားကြီးကျောင်းတိုက် ခဏ္ဍသိမ်တော်၌ ဂိုဏ်းပေါင်းစုံ သံဃမဟာပဝါရဏာ ကျင်းပပြုလုပ်သည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည် မိသားစုတို့က ခရိုင်အတွင်းရှိ ကျောင်းတိုက် ၃၃၂ တိုက်မှ ဝါဆိုရဟန်း၊ သာမဏေနှင့် သီလရှင်များ စုစုပေါင်း အပါး ၃၀၇၉ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။