စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာလွှတ်တော်အချင်းချင်းချစ်ကြည်ရင်းနှီးရေးအသင်း အထွေထွေ အတွင်းရေးမှူး မစ္စတာခိုဇိုယာမာမိုတို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာလွှတ်တော် အချင်းချင်းချစ်ကြည်ရင်းနှီးရေးအသင်း အထွေထွေအတွင်းရေးမှူး မစ္စတာခိုဇိုယာမာမိုတို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၂.၈.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် အမျိုးသားလွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။