Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဥရောပသမဂ္ဂ ရွေးကောက်ပွဲ နောက်ဆက်တွဲလေ့လာရေးအဖွဲ့ (EFM)၏ ခေါင်းဆောင် Mr.Alexander Graf Lambsdorff နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဥရောပသမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲလေ့လာရေးအဖွဲ့ (EFM)၏ ခေါင်းဆောင် Mr. Alexander Graf Lambsdorff နှင့်အဖွဲ့အား (၃.၄.၂၀၁၉)ရက်နေ့ (၁၃:၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂရွေးကောက်ပွဲ နောက်ဆက်တွဲလေ့လာရေးအဖွဲ့ (EFM)၏ ၂၀၁၆ ခုနှစ်က တင်သွင်းခဲ့သော မြန်မာနိုင်ငံရွေးကောက်ပွဲ အစီရင်ခံစာနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။