စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်တို့ ခရစ္စမတ်အကြို ဝတ်ပြုဆုတောင်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲ တက်ရာက်

လှုပ်ရှားမှုများ

နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီက ကြီးမှူးကျင်းပသည့် ခရစ္စမတ်အကြို ဝတ်ပြုဆုတောင်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲ အခမ်းအနားကို (၂၀.၁၂.၂၀၁၈) ရက်နေ့ (၁၈၀၀)နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်ရှိ မြန်မာနှစ်ခြင်း ခရစ်ယာန်အသင်းတော်၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌနှင့် သိက္ခာတော်ရဆရာတော်များ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ဇနီး ဒေါ်ရင်မေ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ခရစ်ယာန် အသင်းတော်များမှ အသင်းဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ယုံကြည်သူများအသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးရွန်မှုန်းက အဖွင့်ဆုတောင်းပေးပြီး နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ ဦးတင်မောင်အေးက ခရစ္စမတ်အကြို နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ခရစ်တော်၏ ချစ်ခြင်းမေတ္တာ တရားကို ဂုဏ်ပြုဖော်ညွှန်းပြီးနှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ခရစ္စမတ်အကြို ဂုဏ်ပြုစကား ပြောကြားသည်။

ယင်းနောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးချမ်းခေါ က ခရစ္စမတ်ဓမ္မဒေသနာတော်ကို ဟောကြားပြီး ချင်းနှစ်ခြင်းအသင်းတော်(နေပြည်တော်)မှ သိက္ခာတော်ရဆရာတော် တိမောသေပါဟရန်းက ဆုတောင်းမေတ္တာပို့သသည်။

ဆက်လက်၍ နေပြည်တော်ခရစ်ယာန်အသင်းတော်များကောင်စီအတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဦးစောရှမိုအေးလ က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက်အရှိုချင်းနှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာတော် ဦးလှဒင် ဦးဆောင်၍ တက်ရောက်လာကြသူများက ခရစ္စမတ်အကြိုဓမ္မတေးသီချင်းများကို သီဆိုကြသည်။

ယင်းနောက် နေပြည်တော်ခရစ်ယာန်အသင်းတော်များကောင်စီ အမှုဆောင်များက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများကို ခရစ္စမတ် လက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီးတို့သည် မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော် မေခန်းမ၌ ကျင်းပသည့် မိတ်သဟာယညစာစားပွဲသို့ တက်ရောက်ကြသည်။