Share this

အမျိုးသားလွှတ်တော်သို့ ဧည့်သည်များ လာရောက်လေ့လာ

သတင်းနှင့် ပြန်ကြားရေး

(၁၁.၂.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် သြစတြေးလျနိုင်ငံ National University မှ Professor များနှင့် ဥပဒေကျောင်းသား၊ ကျောင်းသူ(၁၄)ဦး တို့သည်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ အုပ်ထိန်းသူ ဆရာ၊ ဆရာမများ အပါအဝင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဒုတိယနှစ် ဥပဒေကျောင်းသား၊ ကျောင်းသူများနှင့် အသိဉာဏ်ပစ္စည်းဆိုင်ရာ ဥပဒေဒီပလိုမာသင်တန်း အမှတ်စဉ်(၃)မှ ကျောင်းသား၊ ကျောင်းသူ(၁၀၉)ဦး တို့သည်လည်းကောင်း၊ Aichi Bar Association (Japan) မှ (၁၈)ဦးတို့သည်လည်းကောင်း အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာခဲ့ကြပါသည်။