စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြိုင်ပွဲ ဆုပေးပွဲသို့ တက်ရောက်

လှုပ်ရှားမှုများ

၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ သီရိကွင်းအတွင်းရှိ စိုက်ပျိုးရေးပြခန်း၌ (၇.၁၁.၂၀၁၈)ရက်နေ့ နံနက် (၀၈၀၀)နာရီက ကျင်းပသည်။

ဆုပေးပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းတို့က ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ (၆၃) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါပြိုင်ပွဲကို (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးရေးစိတ်ဝင်စားသူ တောင်သူ ၃၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ သီးနှံအမျိုးအစားအလိုက် ဆု ၁၃၁ ဆု တန်ဖိုးငွေကျပ် ၃၅ သိန်းကျော်ကို ဆုရွေးချယ်ရေးအဖွဲ့က စနစ်တကျအမှတ်ပေးစည်းမျဉ်းများနှင့်အညီ ရွေးချယ်ကာ ဆုများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။