Share this

နေပြည်တော်အမျိုးသားလွှတ်တော်ရုံးသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသတင်းပို့ကြရန် ပန်ကြား

အမိန့်ကြော်ငြာစာများ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်၊ တနင်္လာနေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင် ကျင်းပရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ထံသို့ ပေးပို့ထားပါသည်။

ထိုအစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် အစည်းအဝေးဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင် I -19 (အိုင် - ၁၉) သို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်ထက်မစော (၂၀)ရက်ထက် နောက်မကျစေဘဲ သတင်းပို့ကြရန် နှင့် ကိုယ်စားလှယ်စိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ပန်ကြားအပ်ပါသည်။