Share this

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း

အမိန့်ကြော်ငြာစာများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅၊ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် (၂၀၁၉ ခုနှစ်၊   ဇန်နဝါရီ ၂၁ ရက် )တနင်္လာနေ့၊ နံနက် ၁၀၀၀ နာရီ အချိန်တွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်။