စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

ချက်သမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တက်ရောက်

လှုပ်ရှားမှုများ

ချက်သမ္မတနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို (၂၈.၁၀.၂၀၁၈) ရက်နေ့ ညနေ ၆နာရီခွဲတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hilton Hotel ၌ ကျင်းပသည်။

ဧည့်ခံပွဲအခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ချက်သမ္မတနိုင်ငံ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် အလေးပြုကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Jaroslav Dolecek က နှုတ်ခွန်းဆက်စကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံတော်ကိုယ်စား ဂုဏ်ပြု အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီးနှင့်ဇနီးတို့သည် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများကို ချက်သမ္မတနိုင်ငံသံအမတ်ကြီးက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဧည့်ခံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမြဲတမ်း အတွင်းဝန်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။