Share this

ခရစ္စမတ်ပွဲတော်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည် တို့ တက်ရောက်

လှုပ်ရှားမှုများ

ခရစ္စမတ်ပွဲတော်နှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို (၂၁.၁၂.၂၀၁၈)ရက်နေ့ (၁၇၃၀)နာရီတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ နေအိမ်၌ ကျင်းပသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းနှင့်ဇနီး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရစ်ယာန် အသင်းတော်များမှ သင်းအုပ်ဆရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

အခမ်းအနားကို Rev.M.D.Chang Hkaw က ခရစ္စမတ်ဆုမွန်ကောင်းတောင်း၍ ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ခရစ္စမတ်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် Sang Pi က ခရစ္စမတ်ဓမ္မတေး သီဆိုချီးမွမ်းသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ခရစ္စမတ်နှုတ်ခွန်းဆက်ဆုတောင်းစကား ပြောကြားသည်။

ယင်းနောက်  Jesse Van Bawi က ခရစ္စမတ်ဓမ္မတေးသီချင်းသီဆိုသည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခရစ္စမတ်နှုတ်ခွန်းဆက် ဆုတောင်းစကားပြောကြားသည်။ 

ယင်းနောက် Rev.Dr.Toe Toe က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံအကြီးအကဲများအတွက် ဆုတောင်း မေတ္တာပို့သသည်။

ထို့နောက် Monsignor Basilio Soe Lin Aung က ခရစ်ယာန်ဂိုဏ်းပေါင်းစုံများကိုယ်စား နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် Jennifer Ngun Sui Par က ခရစ္စမတ်ဓမ္မတေးသီချင်းသီဆိုသည်။

ယင်းနောက် သိက္ခာတော်ရဆရာ Dr.Aye Min က ခရစ္စမတ်ဒေသနာတော်ကို ဟောကြားပြီး ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခရစ်တော် မွေးနေ့မိတ်သဟာယညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာ သုံးဆောင်နေစဉ်အတွင်း တေးသံရှင်များက ခရစ္စမတ် တေးသီချင်းများကို သီဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ခရစ္စမတ်အထိမ်းအမှတ်ကိတ်ကို အတူတကွ လှီးဖြတ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့က ခရစ္စမတ်အထိမ်းအမှတ် ဖယောင်းတိုင်ကို ထွန်းညှိပေးကြသည်။

ယင်းနောက် The Most Revd.Stephen Than Myint Oo က ခရစ္စမတ် ဆုမွန်ကောင်းတောင်းပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ခရစ္စမတ်တေးသီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။