24
May

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ ဝါကြိတ်စက်ရုံ နှင့် အဆောက်အအုံ (၃၄)လုံးပါဝင်သော (၉.၇၈)ဧက ကျယ်ဝန်းသည့် ဝါစက်ဝင်းကြီးအား (၄-၇-၂၀၁၂)မှ နှစ်ရှည် နှစ်(၃၀) ငှားရမ်းလုပ်ကိုင် နေသော Thein Min Industry Group Co.ltd မှ မူလပင်မ စာချုပ်ကြီးနှင့် လိုသလိုပြင်ဆင်၍ အကြိမ်ကြိမ် ထပ်မံချုပ်ဆိုထားသော စာချုပ်များဖြင့် နိုင်ငံတော်အတွက်လည်းကောင်း၊ ဒေသအတွက်လည်းကောင်း အကျိုးလုံးဝမရှိဘဲ ငှားရမ်းသူ စီးပွားရေးသမားကုမ္ပဏီအတွက်သာ အကျိုးရှိနေသော ဝါလုပ်ငန်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသည့် အဆိုပါ ကုမ္ပဏီအား စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ (၁၄-၃-၂၀၁၇)နေ့တွင် ငှားရမ်းစာချုပ်အား ဖျက်သိမ်းပြီး ငှားရမ်းခြင်းရပ်စဲကြောင်း အတည်ပြု ထားခဲ့သော်လည်း ဖျက်သိမ်းရပ်စဲခြင်းမရှိ၍ မည်သည့်အချိန်တွင် ဖျက်သိမ်း ရပ်စဲရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

24
May

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပြည်ထောင်စု ကျောက်တိုင်ကွင်းသို့ လာရောက်လေ့လာကြသော ခရီးသွားဧည့်သည်များ၊ တိုင်းရင်းသားပြည်သူများအတွက် သမိုင်းဝင် ပင်လုံစာချုပ် ပေါ်ပေါက် လာပုံသမိုင်းနှင့် ပင်လုံကျောက်တိုင် တည်ဆောက်ခဲ့သော ရည်ရွယ်ချက် များကို သမိုင်းနောက်ခံပန်းချီကားချပ်များ၊ ဓာတ်ပုံများ၊ အထောက်အထား စာရွက်စာတမ်း မှတ်တမ်းများ၊ မှတ်တမ်းရုပ်ရှင်များဖြင့် စီစဉ်ချိတ်ဆွဲ ပြသ နိုင်စေရန် Mini Cinema တစ်ခု၊ ပြခန်းတစ်ခု၊ ပြည်သူများ စုဝေးခန်း တစ်ခုနှင့် နားနေခန်းတစ်ခုပါဝင်သော ပြတိုက်တစ်ဆောင်ကို ပြည်ထောင်စု အစိုးရအနေဖြင့်ဖြစ်စေ၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့်ဖြစ်စေ တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း