01
Dec

နောင်မွန်းမြို့နယ်ရှိ ပန်နန်းဒင် – (၁၅)မိုင် – ငါဝါ – (၁၅)မိုင် – ဂဝိုင် – (၁၃)မိုင် – ဒုံဇုံ – (၆)မိုင် – တဆူထု – (၄)မိုင် – ထလာထု – (၅)မိုင် – ခရောင် – (၅)မိုင် – ဒဟွန်းဒမ်း စုစုပေါင်း (၆၃)မိုင်နှင့် ဒုံဇုံ-(၄)မိုင် – (၁၅၀)ပေ ဆန်ခူလောင် ကြိုးတံတား-ထအွန်းဒမ်း – (၃)မိုင် – ဆန်ဒမ်း-(၂)မိုင်-မဒိန်း စုစုပေါင်း (၉)မိုင်ကို ၈ ပေ ဆိုင်ကယ်မြေသားလမ်း ဖောက်လုပ် ပေးရန် ၊ လုံးနတ်ဘူဒဲ-(၁၅)မိုင် – ငါဝါအကြားရှိ (၃၅၀)ပေ မူလ ဆိုင်ကယ် မေခမြစ်ကူးကြိုးတံတားအား ပြန်လည်တည်ဆောက်ပေးရန်နှင့် တဆူထု (၃၅၀)ပေ၊ မေခမြစ်ကူးကြိုးတံတားနှင့် ဒဟွန်းဒမ်း (၃၅၀)ပေ အန္တရာယ်ရှိ ဆိုင်ကယ်မေခမြစ်ကူး ကြိုးတံတား(၂)စင်းအား အဆင့်မြှင့်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိတို့ နှင့် စပ်လျဉ်းသည့် မေးခွန်း

29
Nov

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ အမှတ်(၆) သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန (DEPARTMENT OF RESEARCH AND INNOVATION; DRI) ပိုင် မြေ ၃၅.၃၈၅ ဧကမှ ၁၇.၇၀ ဧကကို ပွင့်လင်းမြင်သာမှုမရှိဘဲ စွန့်လွှတ်မြေအဖြစ် အချိန်တိုအတွင်း သတ်မှတ်ပြီး ရွှေတိဂုံစေတီတော်အနီးမှ လက်လွှတ်ခဲ့ရသော ဒဂုံစီးတီး အဆင့်မြင့် (REAL ESTATE DEVELOPMENT) မြို့ပြအိမ်ရာစီမံကိန်းနေရာ အစား (MARGA LANDMARK DEVELOPMENT CO;) မာဃကုမ္ပဏီသို့ နှစ် ၅၀ စီမံကိန်းဖြင့် ငှားရမ်းခဲ့မှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနက ထိုစီမံကိန်းကိုဖျက်သိမ်း၍ ပြည်သူ့ဆန္ဒနှင့်အညီ ဖွံ့ဖြိုးမှု အားနည်းသော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒလနှင့် တွံတေးစသည့် နေရာများသို့ ရွှေ့ပြောင်းကာ စီမံကိန်းနေရာချထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း