လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း ဦးဆောင်သော ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း၊ အားကစားနှင့် ကာယပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ဦးဆောင်သောအဖွဲ့တို့သည် ရက်(၁၀၀)ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံချက်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်း ဦးဆောင်သော ကော်မတီအဖွဲ့ဝင်များနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊  လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင် ဦးဆောင်သောအဖွဲ့တို့သည် (၂၉.၄.၂၀၁၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီသည် မြန်မာ့အာမခံဥပဒေ (၁၉၉၃)နှင့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ (၁၉၉၆)နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရေးရာဆောင်အမှတ် (I -15) ပြည်သူ့ငွေစာရင်းကော်မတီ အစည်းအဝေးခန်းမ၌ ၂၈. ၄. ၂၀၁၆ ရက်နေ့၊ နံနက် (၁၀ : ၀၀) နာရီ၊ ၂၉.၄.၂၀၁၆ ရက်နေ့ နံနက် (၁၀: ၀၀) နာရီနှင့် နေ့လယ် (၁၃ : ၀၀) နာရီတို့တွင် သုံးကြိမ်ခွဲ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်း ဦးဆောင်သော ကော်မတီအဖွဲ့ဝင်များနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များဖြစ်ကြသော ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဦး ဦးဆောင်သောအဖွဲ့တို့သည် (၂၈.၄.၂၀၁၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၇-၄-၂၀၁၆) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင်  အမျိုးသားလွှတ်တော်၊ ရေးရာဆောင် အမှတ် (I-15) ၌ အောက်ပါအစီအစဉ် (၇) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှုများ

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် ဂျော်ဂျီယာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Levan Machavariani အား (၂၆-၄-၂၀၁၆) ရက်နေ့  နံနက် ၁၀ ၀၀ နာရီအချိန်တွင် အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အတူ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

လှုပ်ရှားမှုများ

မြန်မာ-စင်္ကာပူ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ ဦးမင်းဦးသည် ရန်ကုန်မြို့အခြေစိုက် စင်္ကာပူသံရုံးမှ Deputy Chief of Mission and Counsellor H.E. Mr. KOH CHEE CHIAN အား မတ်လ (၂၄) ရက်နေ့ ညနေ (၄:၀၀) အချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်လတ်၊ ကော်မတီဝင်များဖြစ်ကြသော ဦးစိုင်းစံအောင်၊ ဦးဇယ်ခေါင်၊ ဦးရှေးရယ်ရှုမောင်၊ ဦးထွန်းထွန်းဦး၊ ဦးဌေးဦး၊ ဦးကျင့်ခန့်ပေါင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

လှုပ်ရှားမှုများ

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Jaroslav Dolecek  အား (၂၂-၄-၂၀၁၆) ရက်နေ့ ၁၂: ၀၀ နာရီအချိန်တွင် အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အတူ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အမျိုးသားလွှတ်တော်၏ သတင်းလွှာတွင် စာရင်းပေးသွင်းထားခြင်းဖြင့် နောက်ဆုံးရသတင်းများကို သင်၏ အီးမေးလ်ထဲတွင် လက်ခံရယူလိုက်ပါ။