မိန့်ခွန်းများ

ယနေ့ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဖွင့်ပွဲအခမ်းအနားကို ကြွရောက်လာကြသော ဂုဏ်သရေရှိပုဂ္ဂိုလ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဖြစ်မြောက်လာအောင် အားကြိုးမာန်တက် ဆောင်ရွက်ပေးပါသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူးဥပကာရတင်ရှိကြောင်း ပြောကြားလိုပါတယ်။

မိန့်ခွန်းများ

ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျား
မြန်မာ့နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပါစေ၊ မြန်မာ့နှစ်သစ်ကို မင်္ဂလာရှိစွာဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေလို့ အမျိုးသားလွှတ်တော်ကိုယ်စား ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

မိန့်ခွန်းများ

ယနေ့ အခမ်းအနားသို့ ကြွရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသော ဧည်‌့သည်တော်ကြီးများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ယခုလို ဒုတိယအကြိမ် လွှတ်တော်များ၏ နှစ်ပတ်လည်နေ့ အခမ်းအနားမှာ နှုတ်ခွန်းဆက်စကားပြောကြားခွင့်ရတဲ့အတွက် အထူးဝမ်းမြောက် မိပါတယ်။

မိန့်ခွန်းများ

ချစ်ခင်လေးစားရပါသော တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှစ်မများအားလုံး နှစ်ဟောင်းမှသည် နှစ်သစ်သို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်တဲ့ နှစ်သစ်ကူး အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး လိုအပ်သော ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သပြီး နှုတ်ခွန်းဆက်သလိုက်ပါတယ်။

မိန့်ခွန်းများ

ယနေ့ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်ကြီးများနှင့် ဧည့်သည်တော်ကြီးများအားလုံး စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပြီး ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆန္ဒမွန်ဖြင့် နှုတ်ခွန်းဆက်သအပ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ဒီမိုကရေစီဘက်တော်သားများခင်ဗျား
ဒီမိုကရေစီစနစ်၏ အနှစ်သာရသည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ပြည်သူလူထုက စုပေါင်းပိုင်ဆိုင်ခြင်းပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူ့ကိုယ်စား နိုင်ငံတော်ကို အုပ်ချုပ်ရတဲ့အဖွဲ့အစည်းက ပြည်သူ့ဆန္ဒဖြင့် အုပ်ချုပ်ခြင်းပင်ဖြစ်ပါတယ်။

မိန့်ခွန်းများ

ဒုတိယအကြိမ်၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း INDUCTION PROGRAM ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုမိတ်ဆက်စကား

မိန့်ခွန်းများ

လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ကြွရောက်လာသော ဧည့်သည်တော်ကြီးများ စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ရှေးဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
လေးစားအပ်တဲ့ကိုယ်စားလှယ်တော်ကြီးများခင်ဗျာ ။
 ကျွန်တော်ကတော့ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းဖြစ်ပါတယ်။ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးမှာ အခုလိုနှုတ်ခွန်းဆက်စကားပြောကြားခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။

မိန့်ခွန်းများ

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပသည်။

အမျိုးသားလွှတ်တော်၏ သတင်းလွှာတွင် စာရင်းပေးသွင်းထားခြင်းဖြင့် နောက်ဆုံးရသတင်းများကို သင်၏ အီးမေးလ်ထဲတွင် လက်ခံရယူလိုက်ပါ။