လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့ဝင်များအား DANISH INSTITUTE FOR PARTIES AND DEMOCRACY (DIPD) အဖွဲ့၏ အဖွဲ့ခေါင်းဆောင် Mr.

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေသည် ကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ (၂၃.၁၁.၂၀၁၆) ရက်နေ့ နံနက် (၁၁၀၀) နာရီအချိန်တွင် Asia Foundation မှ Researcher, Dr. Renaud Egreteau နှင့် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လွှတ်တော်ဖွံ့ဖြိုးရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့ဝင်များအား International Labour Organization-Yangon အဖွဲ့၏ အဖွဲ့ခေါင်းဆောင် Mr.

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့ဝင်များအား Committee for Protection and Promotion of Child Rights-CPPCR (Burma) အဖွဲ့၏ အဖွဲ့ခေါင်းဆောင် နော်ဘလူးမင်းနိုက်ဇန်နှင့် အဖွဲ့ဝင်(၄)ဦးတို့မှ (၂၁.၁၁.၂၀၁၆) ရက်နေ့ (တနင်္လာနေ့) လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ရေးရာဆောင်အမှတ် (I-20) ၌ လာရောက်တွေ့ဆုံ၍ ကလေးသူငယ်များအခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ချီလီသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Javier Becker အား (၂၁-၁၁-၂၀၁၆) ရက်နေ့ (၁၅၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီမှ ဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူး ဦးစိုးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခွန်ဝင်းသောင်းနှင့် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးလှမြင့် (ခ) ဦးလှမြင့်သန်းတို့အား World Bank မှ Director of Social, Urban, Rural and Resilience General Practice Ms. Anna Wellenstein က (၁၈-၁၁-၂၀၁၆) ရက်နေ့ (၁၃၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျာမန်အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ  H.E. Mr. Johannes Singhammer နှင့်အဖွဲ့အား (၁၇-၁၁-၂၀၁၆) ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လှုပ်ရှားမှုများ

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ရန်ကုန်မြို့အခြေစိုက် နော်ဝေနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Tone Tinnes  အား (၁၁-၁၀-၂၀၁၆) ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အမျိုးသားလွှတ်တော်၏ သတင်းလွှာတွင် စာရင်းပေးသွင်းထားခြင်းဖြင့် နောက်ဆုံးရသတင်းများကို သင်၏ အီးမေးလ်ထဲတွင် လက်ခံရယူလိုက်ပါ။