Share this

e-Parliament အကောင်အထည်ဖော်ရေးစနစ်တစ်ခုဖြစ်သော Hluttaw Intranet (Microsoft SharePoint)စနစ် အသုံးပြုနည်းများကို တောင်သူလယ်သမားရေးရာကော်မတီတွင် ရှင်းလင်းတင်ပြခြင်း

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီဝင်များအား e-Parliament အကောင်အထည်ဖော်ရေးစနစ်တစ်ခုဖြစ်သော Hluttaw Intranet (Microsoft SharePoint)စနစ် ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို (၅-၁၂-၂၀၁၉)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် ရေးရာဆောင်အမှတ် (I-15)၌ ဆောင်ရွက်ခဲ့ရာ အမျိုးသားလွှတ်တော်ရုံး၊ နည်းပညာဌာနခွဲမှ ဝန်ထမ်းများက အချက်အလက်များ အလွယ်တကူရှာဖွေအသုံးပြုနိုင်ရန်နှင့် လိုအပ်သည့် နည်းပညာအခက်အခဲများကို ရှင်းလင်းတင်ပြ ဆောင်ရွက်ပေးခဲ့ပါသည်။