Share this

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) ကျင်းပ

လှုပ်ရှားမှုများ

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉)ကို (၁၃.၈.၂၀၁၉)ရက်နေ့ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ကျင်းပရေး ဦးစီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက လုပ်ငန်းကော်မတီများအား ကျင်းပရေးဦးစီးကော်မတီမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီး၏ ဆောင်ရွက်ပြီးစီးမှုများ တင်ပြဆွေးနွေးကြရန်နှင့် လုပ်ငန်းအခက်အခဲများရှိပါက ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက လုပ်ငန်းကော်မတီများ၏ လုပ်ဆောင်ပြီးစီးသည့် အခြေအနေနှင့်အစီအစဉ်များကို ယနေ့အစည်းအဝေးတွင် တင်ပြစေလိုပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များအတွက် လုပ်ငန်းကော်မတီများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လုပ်ငန်းကော်မတီများအလိုက် ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ရန် စီစဉ်ထားရှိမှုများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးအတည်ပြုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကက နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။