Share this

အမျိုးသားလွှတ်တော် Website ရှိ သတင်းအချက်အလက်များအား Mobile Application မှတစ်ဆင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း

သတင်းနှင့် ပြန်ကြားရေး

အမျိုးသားလွှတ်တော် Website ရှိ သတင်းအချက်အလက်များအား Mobile Application ကို အသုံးပြု၍ အချိန်နှင့်တစ်ပြေးညီ ပြည့်စုံမှန်ကန် လွယ်ကူစွာ ရယူကြည့်ရှုနိုင်ပြီဖြစ်ပြီး ၎င်း Mobile Application အား Google Play Store တွင် Amyotha Hluttaw အမည်ဖြင့် ထားရှိပြီးဖြစ်ပါသဖြင့် download ရယူအသုံးပြုနိုင်ပြီဖြစ်ပါသည်။

Google Play Store တွင် ဝင်ရောက်ရှာဖွေခြင်းမပြုလုပ်လိုပါက အမျိုးသားလွှတ်တော် Website (www.amyotha.hluttaw.mm) ၏ Home Page အောက်ဆုံး၌ ထည့်သွင်းထားသော Play Store Link မှ တစ်ဆင့် Mobile Application အား တိုက်ရိုက်ဝင်ရောက်ကြည့်ရှု download ရယူနိုင်ပါသည်။

အဆိုပါ Mobile Application အား Android အသုံးပြုသည့် Device များတွင် ရယူအသုံးပြုနိုင်ပြီဖြစ်ပါကြောင်းနှင့်  Mobile Application အသုံးပြုနည်းလမ်းညွှန် စာအုပ်အား အောက်တွင် download ရယူနိုင်ပါသည်။