Share this

အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ နှင့်ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဥပဒေပြုပြီးနောက်စိစစ်ခြင်းလုပ်ငန်း (Post Legislative Scrutiny –PLS ) အစည်းအဝေး

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီသည် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် (၁၈.၁၂.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီမှ (၁၅၀၀)နာရီအချိန်ထိ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။  

ယင်းသို့တွေ့ဆုံရာတွင် ပဒေပြုပြီးနောက်စိစစ်ခြင်းလုပ်ငန်း (Post Legislative Scrutiny –PLS ) ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေ” နှင့်စပ်လျဉ်း၍  ဆွေးနွေးပြောကြားပါသည်။

အဆိုပါအစည်းအဝေးသို့  ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်သန်း၊ ဦးကျော်ကျော်ဝင်း၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဦးတင်ဝေ၊ ဦးညီစိန်၊ ဦးအောင်မျိုး၊ ဒေါ်သန်းသန်းအေး၊ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင် နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။