Share this

အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာကော်မတီ မှ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော် ၊ တောင်သူလယ်သမားရေးရာကော်မတီသည် Landesa အဖွဲ့ အား(၂၂-၁-၂၀၁၉)ရက်နေ့(၁၅၃၀)နာရီတွင် နေပြည်တော်ရှိအမျိုးသားလွှတ်တော်၊  ရေးရာဆောင်အမှတ် (I-15 ) အပေါ်ထပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

လက်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ရှေ့ရှုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူးဦးစိုးဝင်း နှင့် ကော်မတီဝင်များ၊  အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီနှင့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ အပါအဝင်  အခြားဖိတ်ကြားထားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပြီး Landesa ဘက်မှ ဒါရိုက်တာအဖွဲ့ဝင်(၈)ဦး တက်ရောက်ခဲ့ကာ အစည်းအဝေးကို (၁၇၁၅) နာရီတွင် ရုပ်သိမ်းပါသည်။