Share this

အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၅.၅.၂၀၁၉)ရက်နေ့  (၁၃၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ကော်မတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုးထားသော INGOs အဖွဲ့အစည်းများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးမင်းဦး၊ အတွင်းရေးမှူး ဒေါက်တာပြည့်ဖြိုးနှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၃၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။