Share this

အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ဝက်စ်မင်းစတားဒီမိုကရေစီဖောင်ဒေးရှင်း (WFD) နှင့် (ယူကေ) အောက်လွှတ်တော် (HOC) က လာရောက်တွေ့ဆုံ

လှုပ်ရှားမှုများ

ဝက်စ်မင်းစတားဒီမိုကရေစီဖောင်ဒေးရှင်း (WFD) နှင့် (ယူကေ) အောက်လွှတ်တော် (HoC)က အမျိုးသားလွှတ်တော် ကော်မတီများ၏ ကြီးကြပ်မှုအခန်းကဏ္ဍအား ပိုမိုကောင်းမွန်ခိုင်မာစေရန် ဝန်ထမ်းများထံမှ အထောက်အကူများနှင့်စပ်လျဉ်းသည့် အလားအလာများအား လေ့လာနိုင်ရေးအတွက် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ရာ ဝက်စ်မင်းစတား ဒီမိုကရေစီဖောင်ဒေးရှင်း (WFD) မှ (၁)ဦး၊ (ယူကေ) အောက်လွှတ်တော် (HoC) မှ (၂)ဦးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကနှင့် အဖွဲ့ဝင်များ ဆွေးနွေးခဲ့ကြပါသည်။